ယူကရိန်းနိုင်ငံ ပင်လယ်နက်ဆိပ်ကမ်းမြို့ Kherson မှာ နိုင်ဂျီးယားကျောင်းသားတွေ ထွက်လာလို့မရဘဲ သောင်တင်နေပါတယ်။ သူတို့နေရပ်ပြန်နိုင်ဖို့ ယူကရိန်းအာဏာပိုင်တွေ ဒီထက်မက ကူညီပေးသင့်ကြောင်း သူတို့ရဲ့ ဆွေမျိုးတွေက ပြောပါတယ်။ လွန်ခဲ့တဲ့သီတင်း ၃ ပတ်အတွင်း ကျောင်းသားအယောက် ၈၀ လောက် Kherson မြို့မှာ ပိတ်မိနေပြီး အိမ်နီးချင်းနိုင်ငံတွေဆီ နယ်စပ်ဖြတ်ကျော်သွားရောက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ တချို့တွေက ထွက်လာနိုင်ပေမယ့် အများစုတော့ ပိတ်မိနေပါသေးတယ်။ VOA သတင်းထောက် Timothy Obiezu ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင်က တင်ဆက်ထားပါတယ်။
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV