အဲဒီလိုအရောင်ရင့်ရင့် မုသားများနဲ့ကျင့်သားရ…
နီးရာဓား ကိုသာ ကျီးကန်းတောင်းမှောက်
ကြမ်းခင်းဈေး ပျောက်ခဲ့ကြကုန်သော
အဟောသိကံ ဘဝများကို ထမ်းပိုးဖို့ကြိုးစားရင်း…
ရေတွင်းဝကောင်းကင်ပြင်ကိုကြည့်မော
ဆင်သေကောင်နဲ့မျှောလိုက် ဖို့တိုးဝှေ့
အတိတ်မေ့ရောဂါရှင်များ
သခင်အားရ…တွားသွားသတ္တဝါများ
အသူရာ ချောက်ကမ်းပါး မြို့ပြသစ်တနေရာ
ဖျာ ကိုအလုအယက်ခင်းနေသူများ
ခြေနှစ်ချောင်းအစာအိမ်များ…
စုတ်ချက်ကြမ်းကြမ်းကြား
အပူရောင်အားနဲ့ကောက်ကွေးပုံပျက်
မနက် နေထွက် ညနေ နေဝင်
အနိဌာရုံ မြင်ကွင်းချည်းသာ…
အဲဒီနေရာမှာ
(နောက်တခါ လာပြန်ချေသေး)
နိုဝင်ဘာပုံဖျက်ထောင်ချောက်ဆင်
ရာဇဝင် ရိုင်းကြပေအုံးတော့မယ်။ ။







