မုဆိုးရာသီ ကုန်ချေပြီလို့
အပြီးသတ်ကောက်ချက်တွေ
မှန်းသန်း မဆွဲကြပါနဲ့ဦး ….။

ဒီတခါ စစ်ပွဲ
လေးမြားမလိုမယ့်
၂၁ ရာစု
ငြိမ်းချမ်းရေး အလံတော်အောက်မှာ
တမန်တော်တွေနဲ့
ပိုမိုပြီး လှိုင်းထန်မယ် …။
တရားစကား မပြောဘူး …။
ကြားစကား မပြောဘူး …။
မုသာဝါဒနဲ့
ဟိုစနစ် ဒီစနစ်မှာ
ကမ္ဘာစစ်ထက် ပိုဆိုးတဲ့
ဒိုးယိုပေါက်စီးဆင်းမှုနဲ့ ဌာနီဟာ
ဝမ်းနည်းမှုနဲ့ တွေးတွေးဆဆ .. ငေးငေးအအ …။
ကာလချီကြာကျွံဝင်ခဲ့ရတဲ့ နွံတွင်း
ကျွန်ဇာတ်သွင်းခံရင်းမှာ
ရောမမြို့ကြီးသာ ပြာဖြစ်သွားမယ် …
နီရိုးဘုရင် တယောထိုး ရပ်သွားမယ်ဆိုတာ …။
မုဆိုးရာသီ ကျန်ခဲ့ပြီလို့
ကောက်ချက်တွေ အပြီးမသတ်ကြပါနဲ့ဦး ….။







