သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > ရသဘဏ်တိုက် > ကဗျာ > အဖြေမသိသော လမ်း

အဖြေမသိသော လမ်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကာလပေါ် တေးသီသံတွေ
သူတကာ ပါးစပ်ဖျား
ခေတ်ကာလတလျှောက်
မုသားမပါ
စာနာမှုအလျောက်
ဆွဲဆွဲငင်ငင် သိမ်းကျုံးအော်ငင်ကြ ….။

ဟန်ဆောင်သမှုမပြုတဲ့ ဆာလောင်မှု
မညှာမတာ တွန်းကန်ရုန်းကြွ
ဖိမရတဲ့ အဆုံးမတော့
ရင်ခုန်သံ တဖျတ်ဖျတ်အောက်က
ဘဝကြားကြားတွေခဗျာ
အပြီးမသတ် ပန်းချီကားများအတိုင်း
ဆေးစစနဲ့ မသဲကွဲလှ …။

ယောင်ယမ်းပြီး လျှောက်ခဲ့ရလမ်း
ကြေကွဲမွစ .. စုတ်တသပ်သပ် ဖြစ်နေကြရတဲ့ခဏ
ကမောက်ကမနဲ့ နောင်တက
ညအရောင်အောက်မှာ
အတည့်လျှောက်ရင် ….  ကောင်းမလား …။
ပြောင်းပြန်လျှောက်ရင် …. ကောင်းမလား…။

အသွား တလှမ်း
အပြန် တလှမ်းနဲ့ …
စီးမျှောဆဲ စီးမျှောရာ ယဉ်ကျေးမှုတွေ
ခပ်ဟဟ အက်ကြောင်းအတိုင်း
တဖြည်းဖြည်းနဲ့ တိမ်းစောင်း
လွတ်ရာလွတ်ကြောင်းများအတွက်
လက်တကမ်းမှာ ခပ်မဆိတ်
ကြိတ်မှိတ်ပြီး တွေလို့ … ဝေလို့ …။

ရေခပ်ရင်း ..ရေငတ်ရအဖြစ်က
ကိုင်းကျွန်းမမှီ … ကျွန်းကိုင်းမမှီ ခေတ်စနစ်မှာ
အပ်ကျ မတ်ကျနဲ့
ဘယ်သူဟာ အဖြေသိသလဲ ….။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1508 guests online