သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > ရသဘဏ်တိုက် > ကဗျာ > ရာစုသစ် ပိုးမွှားများ

ရာစုသစ် ပိုးမွှားများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

yar-suu
ရောင့်ရဲရ ခက်လွန်းသော
အလောင်းအစားများ
ဆယ်ခါလျော် တခါစားနဲ့
နာနာကျင်ကျင်
ရှိုက်ကြီးတငင် ငိုတတ်ကြ …။

နေရာတကျမရှိသော တံခါးများ
အစားထိုးမလွယ်တဲ့ သော့တံတချောင်းနဲ့
အဝင်အထွက် လွယ်မယောင်မှာ
အယောင်အယောင် အနနနဲ့
တွားသွားလမ်းတွေပေါ်မှာသာ ခြေချ
လားရာလမ်းတွေဟာ ခေါက်ရိုးကျိုးကျေမွစေပေါ့ … ။

အမျိုးအမည်ကွဲနဲ့
ခိုက်တတ်သော စကားများ
အရှိုက်တည့်တည့်ကို ထိုးနှက်
မာယာများသော ဥပေက္ခာနဲ့
ဟင်းလင်းပြင် ခေါင်တီးတီးမှာ
လေကောင်းလေသန့်ကိုသာ
ခြောက်ခြောက်ကပ်ကပ် ရှူရှိုက်ပျော်ဝင်ကြ …။

စည်းရုံးရမလွယ်တဲ့ ရာစုဟာ
ဒီတခါမတော့ ….
ပိုးမွှားတွေနဲ့ ရှုပ်ထွေးစ ပြုလာစေပြီပေါ့ .. ….။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1566 guests online