သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > ရသဘဏ်တိုက် > ကဗျာ > နှင့် .. အစရှိသည်ဖြင့်

နှင့် .. အစရှိသည်ဖြင့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ssssမပြောမပြီးကိစ္စက
ကောင်းကင်ကို ဝဝလင်လင် ရှူရှိုက်ရဖို့
မစို့မပို့လေစတွေကိုတောင် အလုအယက်ဖြစ်
အဲဒီနှစ်တွေကို ပြန်ခံစားကြည့်လိုက်သောခဏ
အကောင်းဆုံးမျှောလိုက်တတ်သူဆု
အခုထိ ကြေညာမဆုံးနိုင်သေး။

မပြေးသော် ကံရာရှိဖြစ်
ရေကိုတောင် စစ်မသောက်ချင်တော့တဲ့ ခံစားမှုမျိုးနဲ့
ခေါက်ရိုးကျိုး ဦးခေါင်းတွေကို စိတ်ပျက်
လူ့သက်တန်းထက်ဝက်ကျော်အမှတ်မှာ
များရာလက္ခဏာတတ်
မျဉ်းမတ်နည်းပါးလှချည့်။

မီးစင်ကြည့်ကသူတွေနဲ့
ဓားရိုးကမ်းလိုသူတို့ ပေါင်းဖက်တွေ့
ရှေ့နေခေါ်ကာမှ ထောင်လုံးလုံးကျရတဲ့အဖြစ်
မြစ်နက်တို့ ကျဉ်းကျပ်စီးဆင်း
ထင်းချည်းသာ ဖြစ်ခဲ့ရသော။

လျှောကျပျက်စီးခြင်းဖြစ်စဉ်အလိုက်
ညမိုက်မည်းကို ဆေးဆိုး
မိုးလင်းတော့မယ်လို့ ပြောနေကြတဲ့အဖြစ်။ ။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1520 guests online