သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > ရသဘဏ်တိုက် > ကဗျာ > ဘာသာဗေဒ ကောက်ကြောင်း

ဘာသာဗေဒ ကောက်ကြောင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အကြောင်းအရာမရှိ
ပုဒ်မတွေ ထပ်ညွှန်းကိန်းနဲ့
အယူခံခွင့်မရှိတဲ့ ကမ္ဘာကြီး
တဖြည်းဖြည်း ဆူပွက်စပြုပေါ့ …။

အရေးပေါ်ခေါ်သံတွေနဲ့
ဟိုနားတစ ဒီနားတစ
ကျယ်ကျယ်လောင်လောင် ကြားနေကြအသံများ
တဖြည်းဖြည်း တိမ်ဝင် …။
တွင်တွင်ကျယ်ကျယ် သွားနေကြလမ်းများ
တဖြည်းဖြည်း တိမ်ကော …။

အဆုံးအစမရှိ ရှုပ်ထွေး
ဖြတ်မျဉ်းတွေ တသီကြီးနဲ့
သမင်လည်ပြန် အကြည့်စွေးစွေးတွေမှာ
ပစ်မှတ်
အခုတော့ ဝေဝါး … မှုန်ဝါး …။

အနားသတ်မညီတဲ့ စကားများ
နားယောင်သူတွေကြား ရှုပ်ပွ ….
အရှိုးရာ အထပ်ထပ်နဲ့ ပြဇာတ်
သရုပ်သကန်တွေနဲ့ ပိတ်ကားထက်မှာ
ကြိုးဆွဲရာ ကပြ
သဘာဝကျကျ
ဆွံ့အမြဲ  …. ဆွံ့အဆဲ ….။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1589 guests online