သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > ရသဘဏ်တိုက် > ကဗျာ > ကဲန်င်းဗတ်စ်တစရဲ့ အလှ

ကဲန်င်းဗတ်စ်တစရဲ့ အလှ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

New-Image
တစက် …
နှစ်စက် …
ကျကျလာတဲ့ ဆေးစ
ထင်ရာမြင်ရာကိုမှ
ဒဏ်ရာ အနာတရနဲ့ ရုပ်လုံးကြွပြရ …။

စုတ်ချက်တွေ ရမ်း …
ဆေးစက်တွေ ကြမ်း …
ဒီကိုယ်ခန္ဓာ ခပ်ကြမ်းကြမ်းပေါ်မှာ
သူတလူ ငါတမင်း
ဟိုတစက် … သည်တချက်
မျက်နှာအသေတွေနဲ့
မွေနှောက်အစွမ်းပြကြ …။

ဖွာလန် စုတ်ပွ
အနားမလှတော့တဲ့ ကိုယ်ခန္ဓာနဲ့
ဝပ်တွား ခယ
အသနားခံ လူးလွန့်ပြ
မသိလိုက် မသိဘာသာတွေများတဲ့
တလမ်းသွား မြို့တော်ပေါ်မှာ
အကျအန လွင့်မျှောကျ
ဒဏ်ရာ အနာတရနဲ့ ဘဝ …။

အခုတော့ ဘာထူးလဲ
ဟိုတစက် …
သည်တစက်နဲ့ …. ပေလန်ရှုပ်ပွ
တို့တိုင်းပြည်ဘဝကလည်း
အစွန်းအထင်းတွေများတဲ့ ကဲန်င်းဗတ်စ်တစလိုပဲ ….။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1569 guests online