ဘဝကိုကမသိလိုက် မသိဘာသာတွေနဲ့
ဖုနုတ်* များတဲ့ ကဗျာလိုပဲ …။
ဆတ်ကော့လတ်ကော့နဲ့
ကျဲချလိုက်တဲ့
ရင်ခုန်မြန်နှုန်းအောက်မှာ
အပိုင်ကန်သွင်းခွင့်ရတဲ့
ယောင်ခြောက်ဆယ် သွင်းဂိုးလေးတောင်
ချာချာလည်လို့ …။
ပုံအသေတွေချည်း
ကားချပ်ထဲ အတင်း ထိုးထိုးထည့်
တနေရာစာ ရှိတန်ကောင်းရဲ့လို့
တွေးတွေးပြီး
မှိုင်းတိုက်ဖို့များ ကြံကြပြန်တယ် …။
ဟူး …..
အခုမှ …
ယဉ်ကျေးမှုတခြမ်းသေနေတဲ့ ဟော့ဒီကမ္ဘာမှာ
ဘဝကို မှတ်ပုံတင်ဖို့
သတိရမိတယ် ..။
*Foot Note
(မတ်လ ၁၀၊ ၂၀၁၀)







