သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > ရသဘဏ်တိုက် > ကဗျာ > မည်းနက်သော စာမျက်နှာတချို့

မည်းနက်သော စာမျက်နှာတချို့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မနက်ဝေလီဝေလင်းကတည်းက
ကြားနေရတဲ့ မြန်မာသံစဉ်တွေက
တနေ့တမျိုး မရိုးရဘူး။
Soe-Nay-Lin
“မထူးတော့ဘူးလေ လုပ်ခနည်းပေမယ့် …
အဲဒီနေ့က ရဲဖမ်းလို့ ပါတာလေးပေးလိုက်ရ …
အကြွေးက မကျေနိုင်သေးလို့ …
ပတ်စ်ပို့လုပ်လို့ မဖြစ်ပါဘူးဟာ
ငွေရှိတောင် အန္တရာယ်က ကြီးတယ်နော် …
အဖော်ကောင်းရင် ဘန်ကောက်ပဲ သွားမယ်ကွာ…
ပိုက်ဆံပြန်မပို့နိုင်တာ ကြာပြီလေ …”။

နေပျော်လို့ နေနေကြသူ မဟုတ်သူများ
အတိုင်းသားကြားနေရ
မသူတော်များ မသိချင်ယောင်ဆောင်
ပြောင်လိမ်ပြောင်စား လုပ်နေကြဆဲ
ရောင်းသူဈေးကွက် မြိုးမြိုးမြက်မြက်
သူခိုးက လူလူဟစ်သောကာလ
အကျိုးလိုလို့ ညောင်ရေလောင်းကြကုန်သော
ယုန်ကိုမြင်၍ ခြုံကိုထွင်သူ မုဆိုးက
မိုးခါးရေတာတမံကို ချိုးဖွင့်ဖောက်ချပေးခဲ့ပြီ
ပီပီပြင်ပြင် မြင်နေရဲ့နဲ့
အသက်မဲ့တွားသွားဖို့သာ အလုအယက်
အဲဒီလို အရှက်မဲ့နေကြဦးမယ်ဆိုရင်
သမိုင်းစာမျက်နှာမှာ စင်ကျန်ညစ်စွန်း
အဆိုးမော်ကွန်းဝင် ဖြစ်ကြပေလိမ့်မယ်။           ။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1609 guests and 1 member online