သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > ရသဘဏ်တိုက် > ကဗျာ > သမိုင်းအစစ်အမှန် တခုပဲ ဖြစ်ရမယ်

သမိုင်းအစစ်အမှန် တခုပဲ ဖြစ်ရမယ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ညီလေးရေ …
တကယ်တော့ တိုက်ပွဲဆိုတာ
အမိုက်မဲအဖော်တွေအတွက်
လိုက်လည်း မခေါ်နိုင်ပါဘူး။
th-k
ယုံကြည်ရာကို ထုဆစ်
ဘဝအသစ် ဖန်တီး
အလှအစစ်တခုကို
အမှန်မှီးရတယ်။

သွေးပူတုန်းကုန်းအော်
ဖေးကူသူရှိတုန်းပြုံးမော်
အဲဒီလိုဝရုန်းသုံးကား
အကိုတို့ လုံးလုံးလျားလျား မဟုတ်ရပါဘူး။

ယုံကြည်သူတို့ လျှောက်ခဲ့တဲ့လမ်း
အကိုတို့ဘဝတွေ နွမ်းလည်း
ညီတို့အတွက် လမင်း
အကိုတို့ ဖန်ဆင်း
နေလိုအချင်း ရှိစေရမယ်။

ခွဲခွာကွေကွင်း
ဒီမြစ်တစင်းထဲ
အကိုတို့ ငိုချင်းကင်းရတယ်
ပိုလို့ချစ်ခြင်း သစ်ရတယ်။

စီးဆင်းရင်း အသစ်တည်
မပြီးမချင်း အနှစ်မမြည်
သြော် …
အကိုတို့ စီးချင်းအသစ်တွေကိုလည်း
နှလုံးသားနဲ့ချစ်
အပြုံးတရားနဲ့ ဖြစ်တည်ခဲ့ရတယ်။

အကိုပြန်တွေးရင်တော့
ညီငယ်ဆွေးမှာပေါ့
ဒါ …
အကိုတို့အရေး
ညီ …
ရင်မလေးစေချင်ဘူးလေ။

ကိုယ်တို့ရဲ့  အဖေအောင်ဆန်း
သူမှန်းခဲ့တဲ့ လမ်း
အကိုတို့ လွမ်း၊ ရင်မှာ တမ်းလို့
စစ်ကို တကယ်မုန်း
စနစ်ကို ပျက်သုဉ်းဖို့
အကိုတို့ ခေတ်ကို တကယ်ဆုံးခဲ့ရတာပါ။

ညီလေးရေ …
ဂျပန်မဟုတ်၊ အမှန်ယုတ်တဲ့
ပုပ်သိုးနံဟောင်
ဒီစနစ်ဆိုးကို အောင်ဖို့
အကိုတို့
ဆက်လက်ဆောင်ကြဉ်းနေရမယ်
အသက်ထက် အရောင်လင်းစေရမယ်။

ဖေဖော်ဝါရီ တဆယ့်သုံး
ဗိုလ်ချုပ်မွေးနေ့နဲ့ ဆုံတုန်းမှာ
အမေ့ကို စကားတလုံး
ကြုံတုန်းပြောလိုက်ပါ
အမေရဲ့ သားဟာ
ရာဇဝင် မတင်ပေမယ့်
အရာမဝင်စေတဲ့
အာသာရွှင်တဲ့ ကောင်တော့ မဟုတ်ဘူးလို့။

ပြီးတော့ …
ဗိုလ်ချုပ်ရဲ့  လက်သုံးစကား
စိတ်မှာ တချိန်လုံးထားပြီး
အကျင့်တွေပြင်ဖို့
ငါ …
ရသလောက်
လမ်းဖောက်ကျင့်နေတယ်လို့။

ညီလေးရေ …
ဘယ်လိုပဲဖြစ်ဖြစ်
အကိုတို့ရဲ့  အလင်းနှစ်
၈၈ ကိုလည်း ချစ်ရတယ်
အမေနဲ့ အချစ်ကိုလည်း ပြစ်ရတယ်
ဒါ …
အကိုတို့အတွက်
လှိုင်းအဆင့်ဆင့်ကို အံတု
သမိုင်းအစစ်အမှန်တခုပဲ ဖြစ်ရမယ်။

၂၃း ၃၁ (၆.၂.၂ဝ၁ဝ)

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1588 guests online