သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > ရသဘဏ်တိုက် > ကဗျာ > မြန်မာ့ရုပ်ရှင်

မြန်မာ့ရုပ်ရှင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

တဝက်တပြက်
မှိုင်း၊ ပြာ၊ မှုံ၊ ရီ
တခါတခါ
ဆူညံပွက်လော၊
တခါတခါ
အသံသေး၊ အသံကြောင်
တခါတခါ
ဗလာနတ္တိ။

တရေးနိုးလို့ ထကြည့်တော့
စိတ်ဝင်စားစရာ အခန်းလေးတွေ
စိတ်အထင်က၊ ဇာတ်ရှိန်မြင့်ပြီပါ့
ရုန်းရင်းဆန်ခတ်နဲ့
ရုတ်တရက်ထအော်
သူ့အမေက ထကြည့်တယ်
သိလိုက်ရတာကတော့
သြော် .. သူ အိပ်မက် .. မက်နေတာကိုး။
nge-sue
ထားပါတော့လေ
နောက်တခန်းကို ဆက်ကြည့်
အနာဂတ်က၊ အတိတ်ဖြစ်သွားပြန်ပြီ၊
စိတ်အထင်က၊ ဇာတ်ရှိန်ထပ်မြင့်ပြန်ပြီပေါ့
သိလိုက်ရတာကတော့
သြော် .. သူ နောက်ကြောင်းပြန်နေတာကိုး။

ဒီလိုနဲ့ ဆက်ကြည့်
ဇာတ်သိမ်းခန်းကို ရောက်ပြီပေါ့၊
မင်းသားက၊ မင်းသမီးကို စိတ်ဆိုး
ကားကို တရကြမ်း၊ မနားတမ်းမောင်း
စိတ်တွေက လှုပ်ရှားတော့
သစ်ပင်နဲ့ ကားတိုက်ပြီပေါ့။

မင်းသားက၊ မင်းသမီးကို
Don't Follow Me တဲ့
မင်းသမီးက လိုက်အလာ
မင်းသားက သွေးအိုင်ထဲ ပိုးလိုးပက်လက်
မင်းသမီးက 'မောင်' လို့ ခေါ်တော့
မင်းသားက ရင်ခွင်ထဲတိုး။

ပြောလိုက်တဲ့ စကားများ
ကျနော့်ဘကြီး သေတုန်းကနဲ့
ဘာမှ မဆိုင်ဘူး၊
သူ့ခမြာသေခါနီး
ရှုမငြီးအောင်၊ သရုပ်ဆောင်ရတယ်
သြော် .. လုပ်ရက်လိုက်တာ
ဒါရိုက်တာရယ် ..။              ။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1607 guests online