ဆိုးညစ်သော အမှုကို စက်ဆုပ် ရွံရှာကြလော့
ကောင်းမွန်သော အမှု၌ မှီဝဲ ဆည်းကပ်ကြလော့။”
သမ္မာ ကျမ်းစာ
ရောမ သြဝါဒစာ ၁၂-၉

စာမျက်နှာဟောင်းများပေါ်က
လောဘ ဒေါသ မောဟ မာန်မာန
အမုန်းတရား ရန်မီးရန်စ
ပဋိပက္ခများ၏ အရုပ်ဆိုးသော အမာရွတ်များ
ထင်ရှားရှိလျှက် အသိခေါက်ခက် အဝင်နက်
ချင်းဝက်တူ စက်ဝိုင်းများ အထပ်ထပ်ဖြင့်
တုလွှတ်ကင်းသော ရိုင်းမိုက် ရက်စက်မှုများအား
တရားဓမ္မစက် လက်မှိုင်ချ
နှစ်ဆယ့်တစ်ရာစု ယခုထိ
အပြစ်သား လူသားတို့ ကိုယ်စား
သွေးသားခန္ဒာပေးဆက်
ကားစင်ထက် အသက်စွန့်လွှတ်ပေးလှူခဲ့
အဲဒီမေတ္တာတရား အင်အား
ချစ်ခြင်း အကြင်နာအား ငါအားနာ
ကမ္ဘာပြန့်ဖြစ်စဉ်ထဲမှာ
မွေးဖွား ရှင်သန် တင်ကျန်နေဆဲ
မိတ်ဆွေများ ခင်ဗျား
သတိတရားပွားမျုား
လောကအားအလှဆင်နိုင်ကြစေ။ ။







