အခင်းဖြစ်ပွားသလို လူဖြစ်ခဲ့ရရှေ့နေမငှားဖြစ်ပါ။
နှစ်ကာလတို့ အနာဖတ်လို ကွာကျ
ဆင်သွားလို့ လမ်းဖြစ်ပြန်ပြီ။
လမ်းတွေရဲ့အိမ်ဟာ “ မြို့”
အဲဒီတမြို့လုံး တရားလိုပြ သက်သေပဲထား
ဆင်သေပေါ် ငါလိုက်မသွားခဲ့။
မနက်ခင်းကိုပဲ မနက်စာထိုင်စား
ဟေ့ … ဒီဇင်ဘာ ၁၀
ငါနဲ့ ကမ္ဘာကြီးကြားမှာ တခုခုသွားကြားညပ်နေတယ်။
(ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၀၉)







