ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > ရသဘဏ်တိုက် > ရုပ်ရှင် > Salt (သို့မဟုတ်) လျှို့ဝှက်ချက်များဖြင့် သူမ

Salt (သို့မဟုတ်) လျှို့ဝှက်ချက်များဖြင့် သူမ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

salt-posterဇာတ်ကားအမည်            Salt
ဒါရိုက်တာ                Phillip Noyce
စာရေးဆရာ                Kurt Wimmer
Brian Helgeland
အဓိကဇာတ်ဆောင်        Angelina Jolie, Live Schreiber, Chiwetel Ejiofor,
တရားဝင်ထုတ်ပြန်သည့်ရက်စွဲ    July 23, 2010 (USA)
အမျိုးအစား                Action,Thriller

“မင်းနာမည် ဘယ်သူလဲ”

“ငါ့နာမည် ဗက်စီလီအော့လို့”

“ဒီနေ့ သမ္မတကို လုပ်ကြံဖို့ နယူးယောက်မြို့ကို ရုရှားကိုယ်စားလှယ်တွေ လာလိမ့်မယ်။ အစီအစဉ်က ကေအေ - ၁၂”

“ကေအေ အစီအစဉ်ဆိုတာ ယုံတမ်းစကားတွေပဲ”

“အဲ့ဒီလူနာမည်ကို မင်းသိချင်သလား၊ ကိုယ်စားလှယ်နာမည်က Evelyn Salt ၊ ငါ့နာမည်က Evelyn Salt”

“ဒါဆို မင်းဟာ ရုရှားစပိုင်ပဲ”

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ဆောင်ရွက်ပါမယ်လို့ ကျမ်းကျိန်ခဲ့တဲ့ အမေရိကန် စီအိုင်အေ အရာရှိ Evelyn Salt က အမေရိကန်သမ္မတကို လုပ်ကြံသတ်ဖြတ်မယ့် ရုရှားစပိုင် Salt လား၊ သူမအပေါ် ဖြစ်တည်နေတဲ့ သံသယတွေကို ဘယ်လိုဖျောက်ဖျက်မှာလဲ၊ သူမရဲ့ နောက်ကွယ်က Salt ဆိုတာကရော။

Salt ဟာ လှုပ်ရှားမှု စွန့်စားခန်းတွေကို အသားပေးထားတဲ့ သည်းထိတ်ရင်ဖိုဖွယ် ဇာတ်လမ်းတခုလို့ ခန့်မှန်းရပါတယ်။ Mr & Mrs. Smith, TomRider စတဲ့ ဇာတ်ကားတွေနဲ့ မြန်မာပရိသတ်အကြား ရေပန်းစားခဲ့တဲ့ ဘယ်သန်မင်းသမီးချော အိန်ဂျလီနာဂျိုလီက Salt အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဆုပေါင်း ၁၉ ဆုရရှိထားပြီး ၈ ဆုခန့် အဆိုပြုခံထားရတဲ့ သြစတြေးလျနွယ်ဖွား ဒါရိုက်တာ Phillip Noyce က Salt ကို ရိုက်ကူးခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Castor and Pollux မိနစ် ၅ဝ စာ မှတ်တမ်းရုပ်ရှင်နဲ့ ၁၉၇၄ ခုနှစ် သြစတြေးလျရဲ့ အကောင်းဆုံး ဇာတ်လမ်းတိုဆုကို ဆွတ်ခူးခဲ့သူပါ။ ၂ဝဝ၂ ခုနှစ်မှာ အင်္ဂလိပ်မင်းသားကြီး Michael Caine နဲ့ ရိုက်ကူးခဲ့တဲ့ The Quite American ဇာတ်ကားဟာ အကယ်ဒမီဆုအတွက် အဆိုပြုခံခဲ့ရပါတယ်။

မြန်မာပရိသတ်သာမက ကမ္ဘာ့ပရိသတ်တွင်ပါ ဂျိုလီလို့ ဆိုလိုက်တာနဲ့ ထူထဲတဲ့ နှုတ်ခမ်းအစုံ၊ ဝန်းဝိုင်းတဲ့ မျက်ဝန်းအစုံတို့နဲ့ အရပ် ၅ ပေ ၈လက်မ ရှိတဲ့ အမေရိကန် မင်းသမီးချောကို ပြေးမြင်မိကြမှာ အမှန်ပါ။ Mr  & Mrs. Smith မှာ မင်းသမီးစရိတ်ပင် ၁ဝ သန်းမျှရရှိခဲ့ပါတယ်။ Salt မှာတော့ မင်းသမီးချောရဲ့ ဝင်ငွေဟာ သန်း ၂ဝ လို့ ဆိုထားတဲ့အတွက် Mr & Mrs. Smith ထက်တော့ မနိမ့်ကျဘူးလို့ ခန့်မှန်းမိပါတယ်။ Mr & Mrs. Smith ဟာ ပရိသတ်နဲ့ အာတွေ့လျှာတွေ့ပြီးသား ဖြစ်တဲ့အတွက် Salt ဟာလည်း ပရိသတ်အတွက် အကြိုက်ဖြစ်စေမယ်လို့ ယူဆရပါတယ်။

Chiwetel Ejiofor ဟာလည်း 2012 ဇာတ်ကားမှာ အကောင်းဆုံးဇာတ်ပို့ သရုပ်ဆောင်ဆုနဲ့အတူ ပရိသတ်အကြိုက် ဖြစ်စေခဲ့သူပါ။ ဗြိတိန်နွယ်ဖွား မင်းသားတဦးဖြစ်တဲ့ Chiwetel Ejiofor က Salt မှာ Peabody ရဲ့ ဇာတ်ကောင်နေရာမှာလည်း 2012 ဇာတ်ကားလိုပဲ ပရိသတ်နှစ်ခြိုက်စေမယ့် သရုပ်ဆောင်ချက်တွေ တွေ့မြင်ရမယ်လို့ ယူဆရပါတယ်။

Salt ဟာ လာမယ့် ဇူလိုင် ၂၃ ရက်နေ့မှာ ရုံတင်မယ့် ဇာတ်ကားတကားဖြစ်ပါတယ်။ စွန့်စာခန်းတွေနဲ့ သည်းထိတ်ရင်ဖိုဖွယ် ဇာတ်လမ်းကောင်းတွေကို ကြိုက်နှစ်သက်သူတွေအဖို့ စွဲလမ်းနှစ်ခြိုက်မှာ မလွဲပါဘူး။ မင်းသမီးချော ဂျိုလီရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပေါင်းစပ်လိုက်ရင် Salt ဟာ Mr & Mrs. Smith ထက် မလျော့မှာတော့ ဧကန်ဖြစ်ကြောင်းပါ။

 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1787 guests online