ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုများ စိုက်ထူနေခြင်း အစိုးရ မူဝါဒ မဟုတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အာဏာရပြီး ၂နှစ်ကျော်အတွင်း တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ စိုက်ထူလာကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမယ့်အပေါ် ဒေသခံ တစ်ထောင်ကျော် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးသတင်းတွေအရတော့ ဦးဆောင်ဆန္ဒပြသူ လူငယ် ၁၀ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ မြို့နယ်အုပ်ချူပ်ရေးမှူးက တရားစွဲဆိုထားပါတယ်။

ပြည်ထောင်စုအစိုးရအနေနဲ့ကတော့ ဗိုလ်ချုပ်ကြေးရုပ်တွေကို မဖြစ်မနေစိုက်ထူရမယ်ဆိုပြီး ညွှန်ကြားထားတာမရှိသလို ဒါဟာ အစိုးရရဲ့ မူဝါဒ မဟုတ်ဘူးလို့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဋ္ဌေးက သတင်းထောက်တွေကို ပြောပါတယ်။

ရိုက်ကူး-မင်းမင်း

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/41087