ဖုန်းပါ အားသွင်းနိုင်မည့် နည်းပညာအခြေပြု ကားမှတ်တိုင်တစ်ခု စတင်ဖွင့်လှစ်

နိုင်ငံတကာအဆင့်မီ နည်းပညာအခြေပြု မှတ်တိုင်တွေ အသုံးပြုသွားမည်ဖြစ်ကြောင်း YRTA မှ ပြောဆိုထားခဲ့ပြီး တစ်နှစ်ကျော်အကြာ ဗဟန်းမြို့နယ် လမ်းနီမှတ်တိုင်အနီးတွင် ဖုန်းပါအားသွင်းနိုင်သည့် မှတ်တိုင်တစ်ခု ဇူလိုင် ၃ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

ရန်ကုန်မြို့အချက်အခြာနေရာများ၌ ခေတ်မီဘတ်စ်ကားမှတ်တိုင် ၅၀၀ ကို ၃ နှစ်အတွင်း တည်ဆောက်သွားမည်ဟု FMIDecaux ကုမ္ပဏီဘက်မှ သိရသည်။

ရိုက်ကူး၊တည်းဖြတ် - မျိုးပြည့်သင်း

သတင်းအပြည့်အစုံ- http://www.mizzimaburmese.com/article/41055