FDA ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည့် မျိုးဇော်ဦးအား သေဒဏ်ချမှတ်

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူ အငှားယာဉ်မောင်း မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူက လုယက်၊ မုဒိမ်းကျင့်၊ ဓမ္မတာနှင့် ဆန့်ကျင်သည့် ကာမစပ်ယှက်ခဲ့သည့်အပြင် လူသတ်ခဲ့သည်မှာ ပြစ်မှုထင်ရှားသည့်အတွက် ခရိုင်တရား သူကြီးက သေဒဏ်ချမှတ်လိုက်သည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့၊ နံနက်ပိုင်း၊  ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ခရိုင်တရားသူကြီးက ယင်းအမှုနှင့်ပတ်သက်ပြီး အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

သတင်းအပြည့်အစုံ- http://www.mizzimaburmese.com/article/40728