ဆေးများပိုနေကြောင်း ပြောဆိုခဲ့မှုအပေါ် ကျန်းမာရေးဝန်ကြီး ပြန်တောင်းပန်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဖြေဆိုခဲ့မှုများနှင့်ပတ်သက်ပြီး ပြည်သူများ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ပါက တောင်းပန်ပါသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၄င်း၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

"ကျွန်တော့်ရဲ့ အားနည်းချက်ကြောင့် အများပြည်သူများ စိတ်ကသိကအောက်တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် တောင်းပန်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်ဟာ ကျွန်တော့ရဲ့သစ္စာရှိသော အမှုထမ်းများနဲ့ အတူလက်တွဲပြီးတော့ ကျွန်တော့်ရဲ့ အကောင်းဆုံးသောစွမ်းရည်များကို အစွမ်းကုန်အသုံးချကာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင် သွားမှာဖြစ်ပါတယ်။" ဟု ဒေါက်တာမြင့်ထွေးက ဆိုသည်။

သတင်းအပြည့်အစုံ- http://www.mizzimaburmese.com/article/38853