ချင်းတွင်းသင်္ကြန်ပွဲတော်ရက်ကျင်းပနေစဉ် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန် တစ်လမ်းမောင်းလမ်းများ သတ်မှတ်သွားမည်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချင်းတွင်းမြစ်ကမ်း သဲသောင်ပြင်မှာ ကျင်းပသွားမယ့် ချင်းတွင်းသင်္ကြန်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်ပွားစေဖို့အတွက် တစ်လမ်းမောင်းလမ်းတွေ သတ်မှတ်သွားမယ်လို့ စစ်ကိုင်းတိုင်းယာဉ်ထိန်း ရဲမှူး ကိုကိုနိုင်က ဆိုပါတယ်။ 

ချင်းတွင်းသင်္ကြန်ကို လာရောက်ရေကစားကြသူတွေ ယာဉ်အန္တရာယ်ကင်းရှင်းဖို့အတွက် ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ အရာရှိ ၅ ယောက်နဲ့ အခြားအဆင့် ၂၇ယောက် စုစုပေါင်း ၃၁ ယောက်နဲ့ ယာဉ်လမ်းရှင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အရေးပေါ် ပိတ်ဆို့မှုတွေ မဖြစ်အောင် ကရိန်းကားတစ်စီးလည်း စီစဉ်ထားတယ်လို့ ရဲမှူးကိုကိုနိုင်က အခုလို ပြောပါတယ်။

သဲသောင်ပြင်ကွင်းထဲကို ယာဉ်ဝင်ခွင့်ကဒ်တွေ ထုတ်ပေးထားတဲ့ ကားတွေသာ ဝင်ခွင့်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ချင်းတွင်းသင်္ကြန်ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ စီစီတီဗီ အလုံး ၅၀ ကျော် တပ်ဆင်ထားပြီး လုံခြုံရေးအတွက်ကော်မတီ ၃ ရပ်ဖွဲစည်းကာ လုံခြုံရေး ပေးသွားမယ်လို့ သိရပါတယ်။

ရိုက်ကူး၊တည်းဖြတ်- ဘုန်းနိုင်ဖြိုး (မုံရွာဂေဇက်)