ဘားကမ့် မုံရွာ ၂၀၁၈ ကို ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမမှာ ဒီလ ၁၀ ရက်နဲ့ ၁၁ ရက်က ဘားကမ့် မုံရွာ  ၂၀၁၈ ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်ကျင်းပတဲ့ ဘားကမ့်မုံရွာက  ဒုတိယအကြိမ် ကျင်းပတာလည်း ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ Mizzima TV ရဲ့ မိတ်ဘက်သတင်းဌာနဖြစ်တဲ့ မုံရွာဂေဇက်က ပေးပို့ထားပြီး သတင်းထောက် ဘုန်းနိုင်ဖြိုးက ရိုက်ကူး တင်ဆက်ထားပါတယ်။