ဆိုရှယ်မီဒီယာပေါ်က အသံတွေက ကျွန်တော့ဆီကို သိပ် မရောက်ပါဘူးဆိုတဲ့ ကျားပေါက်

ဆိုရှယ်မီဒီယာ အသုံးပြုနေပေမယ့် ချီးကျူးသံတွေ၊ ဝေဖန်တာတွေက ကျွန်တော့ဆီကို သိပ် မရောက်ပါဘူးလို့ ကျားပေါက်က ပြောပါတယ်။ 

သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် ပန်းချီပြပွဲ ဖြစ်တဲ့ ''Kyar Pauk - Outelligence'' ပွဲမှာ ပြောခဲ့တာပါ။ ဒီပွဲကိုတော့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ Ahla Thit Art Gallery မှာ မတ်လ ၉ ရက် ညနေ ၆ နာရီကနေ မတ်လ ၁၁ ရက် ညနေ ၅ နာရီအထိ ပြသနေတာလည်း ဖြစ်ပြီး မြို့ပြရဲ့ မွန်းကြပ်မှုတွေကို ခံစားချက်တွေအဖြစ် ရေးဆွဲထားတဲ့ ပန်းချီကား ၃၁ ကားပါဝင်ပါတယ်။

ရိုက်ကူး၊တည်းဖြတ်- စိုးသူအောင်