SME လုပ်ငန်းတွေ အခက်အခဲမဖြစ်စေဖို့ ကုမ္ပဏီမှတ်ပုံတင်ကြေးများ လျှော့ချမည်

လက်ရှိပြည်တွင်းစီးပွားရေးလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း (SME)တွေ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်ရာ ဒီ SME တွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေ အခန်းကဏ္ဍဟာ အရေးပါလှပါတယ်။ ကုမ္ပဏီမှတ်ပုံတင်ကြေးကြောင့် လုပ်ငန်း စတင်မယ့် SME လုပ်ငန်းတွေ အခက်အခဲမဖြစ်စေဖို့ ကုမ္ပဏီမှတ်ပုံတင်ကြေးတွေကို လျှော့ချပေးသွားဖို့ ရှိတယ်လို့ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက သိရသည်။

ရိုက်ကူး - အာကာစိုး