အာရှအဆင့်မှာ မြန်မာကလပ်တွေ တိုးတက်လာပြီလား

မြန်မာနေရှင်နယ်လိဂ်ထိပ်သီးကလပ်တွေဟာ ပြည်တွင်းပြိုင်ပွဲမှာခြေစွမ်းထက်မြက်ပေမယ့် အာရှအဆင့်ပြိုင်ပွဲတစ်ပွဲဖြစ်တဲ့ AFC Cup ပြိုင်ပွဲဆိုရင်တော့ ရုန်းကန်ရလေ့ရှိပါတယ်။

ဒီနှစ် AFC Cup ပြိုင်ပွဲကို ရှမ်းယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ဝင်ရောက်ယှဉ်ပြိုင်နေကြပြီး မနေ့က ကစားခဲ့တဲ့ အုပ်စုပွဲတွေမှာတော့ နှစ်သင်းစလုံးနိုင်ပွဲကိုယ်စီရရှိခဲ့ကြပါတယ်။

ရန်ကုန်ယူနိုက်တက်က အိမ်ကွင်းမှာ ဗီယက်နမ်ကလပ်သန်ဟွာအသင်းကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့သလို ရှမ်းယူနိုက်တက်ကလည်း အဝေးကွင်းမှာ ကမ္ဘောဒီးယားကလပ် ဘွန်ကတ်ကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

မြန်မာကလပ်တွေရဲ့ခြေစွမ်းဘယ်လိုရှိသလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။