အမျိုးသမီးများအတွက် စိုက်ပျိုးရေးချေးငွေအစီအစဉ်ကို ကမ္ဘောဇဘဏ်နှင့် ActionAid တို့ စတင်

လယ်ယာလုပ်ငန်းခွင်က အမျိုးသမီးတွေအတွက် ပထမဆုံး စိုက်ပျိုးစားရိတ်ချေးငွေကို ကမ္ဘောဇဘဏ်နဲ့ Action Aid Myanmar တို့က ပူးပေါင်းပြီး ထုတ်ချေးပေးနေပါပြီ။ ချေးငွေသက်တမ်း တစ်နှစ်ရှိတဲ့ အဲဒိစိုက်ပျိုးစားရိတ်ချေးငွေကို မကွေးတိုင်းဒေသကြီး ပုခုက္ကူမြို့နယ်က ကျေးရွာ ၅ ရွာမှာ စတင်ထုတ်ချေးပေးနေတာဖြစ်ပြီး ဒီအစီအစဉ်ကို အခြေခံပြီး နောက်ထပ် နေရာအနှံ့မှာပါ လယ်ယာကဏ္ဍက အမျိုးသမီးတွေကို စိုက်ပျိုးစားရိတ်ချေးငွေတွေ ဆက်လက် ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

ရှေ့ပြေးစီမံကိန်းအနေနဲ့  လယ်ယာလုပ်ငန်းခွင်က အမျိုးသမီးတွေဟာ တစ်ဦးကို ငွေကျပ် ဆယ်သိန်းကနေ တစ်ဆယ့်ငါးသိန်းအထိ ထောက်ပံ့ချေးငွေရရှိမှာဖြစ်ပြီး အတိုးနှုန်းကတော့ ဗဟိုဘဏ်က သတ်မှတ်တဲ့ ၁၃ ရာခိုင်နှုန်း နှုန်းထားနဲ့ ပြန်လည် ပေးဆပ်ရမှာဖြစ်ပါတယ်။

အပြည့်အစုံကိုတော့ စီးပွားရေးသတင်းထောက် ကိုအောင်သူရက ပြောပြပေးမှာဖြစ်ပါတယ်။