“မင်းတို့ ထမင်းဝအောင်စား” စာသားဖြင့် သေနတ်သမား ကြည်လင်းအား ဝန်းရံခဲ့သူ ၄ ဦးကို ဖမ်းဝရမ်းထုတ်

ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံခဲ့သူ သေနတ်သမားကြည်လင်းအား “မင်းတို့ ထမင်းဝအောင်စား”စာသားပါ အကျီင်္ဝတ်ဆင်ခြင်းဖြင့် ဝန်းရံခဲ့သူ ၄ ဦးကို အင်းစိန်မြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက မဇ္ဈိမသို့ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်၊ ညနေ ၆ နာရီ၊ ၂၁ မိနစ်တွင် ပြောသည်။

အဆိုပါ ဝန်းရံခဲ့သူ ၄ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး ရာဇဝတ်မှုကြီးအမှတ်- ၁၈၄/၂ဝ၁၈ ဖြင့် အင်းစိန်မြို့နယ်တရားရုံးတွင် အမှုဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

သတင်းအပြည့်အစုံ- http://www.mizzimaburmese.com/article/37117