ဒုရဲအုပ် တင်ထွေးဦး ထွက်ဆိုချက်မှာ တစ်စုံတစ်ယောက်ခိုင်းစေမှုကြောင့် ထွက်ဆိုသည့် ပုံစံဖြစ်နေဟု ပြော

ရိုက်တာသတင်းဌာနမှ သတင်းထောက် ၂ ဦးအမှုနှင့် ပတ်သက်ပြီး သက်သေခံပစ္စည်းရှာဖွေရာတွင်ပါဝင်သူ ဒုရဲအုပ် တင်ထွေးဦး တရားခွင်တွင် ထွက်ဆိုချက်များမှာ တစ်စုံတစ်ယောက်ခိုင်းစေမှုကြောင့် ထွက်ဆိုသည့် ပုံစံဖြစ်နေကြောင်း သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရိုက်တာသတင်းထောက် ၂ ဦးကို ၄ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး သက်သေခံပစ္စည်းရှာဖွေရာတွင်ပါဝင်သူ ထောက်ကြန့်နယ်မြေရဲစခန်းမှ ဒုရဲအုပ် တင်ထွေးဦးကို  တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
သတင်းအပြည့်အစုံ- http://www.mizzimaburmese.com/article/37067