NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

"ငြိမ်းချမ်းရေးရောင်ခြည်သန်းနေပြီး ပြည်သူများ စိတ်ချမ်းသာရမယ်"

''၂၀၁၈ က ဆရာတို့ရဲ့ နှစ်ပဲ။ ငြိမ်းချမ်းရေးရောင်ခြည်သန်းနေတယ်။ ငြိမ်းချမ်းရေးနဲ့ တွဲဖက်ပြီး ဖွံ့ဖြိုးမှု စီးပွားရေး တိုးတက်မှုရရင် ကိုယ်နိုင်ငံသားတွေအားလုံး စိတ်ချမ်းသာရမယ့် ပျော်ရွှင်ရမယ့် နှစ်လို့ ဆရာတို့မျှော်လင့်တာပဲ။ သေချာတယ်။ ဆရာတို့ ငြိမ်းချမ်းရေးစပြီ၊ လက်မှတ်တွေထိုးပြီ။ တစ်ဘက်ကလည်း စီးပွားရေးကို အချိန် ၂ နှစ်အပေါ်မှာ အခြေခံပြီး ရင်းနှီးမြှုပ်နှံမှုတွေက ကိုယ့်နိုင်ငံကို ယုံကြည်သူတွေ ရှိလာတော့ ပိုပြီးအဆင်ပြေမှာပါ'' ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က မဇ္ဈိမကို ပြောသည်။

ဆက်လက်ပြီး ဒေါက်တာအောင်ထွန်းသက်က နိုင်ငံ၏ စီးပွားရေးတိုးတက်ရန် ပုဂ္ဂလိကကို အခွင့်အရေးပေးရမည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း တိုးတက်အောင်လုပ်ဆောင်ရမည်ဟု အကြံပေးထားသည်။