NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မြန်မာအက်ဂရိုအိတ်ချိန်း(စ) အများပိုင်လီမိတက်က KBZ SC ကို ဦးဆောင်စီမံသူအဖြစ် ခန့်အပ်

လယ်ယာစိုက်ပျိုးရေးထွက်ကုန်၊ သားငါးစားသောက်ကုန်နဲ့ ဈေးသစ်ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အကောင်အထည် ဖော်တည် ဆောက်နေတဲ့ မြန်မာအက်ဂရိုအိတ်ချိန်း(စ) အများပိုင်လီမိတက်-MAEX ဟာ ရန်ကုန်စတော့အိတ်ချိန်းမှာ  စာရင်းတင်သွားမှာဖြစ်ပြီး အဲဒိလို စာရင်းတင်တဲ့အခါ လိုအပ်တဲ့ စီစစ်ပြင်ဆင်ရေးအပိုင်းတွေကို လုပ်ကိုင်ဖို့အတွက် ကမ္ဘောဇ စတာလင် ကိုးမန်း-KBZ SC Securities လီမိတက်ကို Lead  Manager အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ ဒီအတွက် လုပ်ငန်းအပ်နှံခြင်းစာချုပ်တစ်ခုကို ဇန်န၀ါရီလ ၃၀ ရက်နေ့က MAEX ရဲ့ တညင်းကုန်းအဆင့်မြင့်လက်ကား ဈေးသစ် ပထမအပိုင်းဖွင့်လှစ်ခြင်းအခမ်းအနားမှာ ကုမ္ပဏီ ၂ ခုက လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကိုအောင်သူရက ပြောပြပေးမှာဖြစ်ပါတယ်။

MAEX အနေနဲ့ မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်ကြီးကြပ်ရေးကော်မရှင်- SECM က သတ်မှတ်ထားတဲ့ အရည်အချင်းစံသက်မှတ်ချက် ၁၇ ချက်ကို ကုမ္ပဏီရဲ့ တွက်ချက်မှုအရ ပြည့်မှီသွားပြီလို့ တွေ့ရှိရတာကြောင့် အခုနှစ် ထဲမှာပဲ ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းတင်နိုင်မှာဖြစ်တယ်လို့ မြန်မာအက်ဂရိုအိတ်ချိန်း(စ) အများပိုင် လီမိတက်ရဲ့ ဥက္ကဌ ဦးဝင်းအောင်က ဇန်န၀ါရီလ ၃၀ ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ဈေးသစ်ဖွင့်ပွဲ အခမ်း အနားမှာ ထည့်သွင်းပြော ဆိုသွားပါတယ်။