MAEX လီမိတက်က ပွဲဦးထွက် စီမံကိန်းဖြစ်သော တညင်းကုန်းအဆင့်မြင့် လက်ကားဈေးသစ်ကို ဖွင့်လှစ်

စီးပွားရေးသတင်းအနေနဲ့ အင်းစိန်မြို့နယ်၊ တညင်းကုန်းဘူတာရုံအနီးက တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန် အဆင့်မြင့် လက်ကားဈေးသစ်ကြီးကို ဒီနေ့မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ပေးလိုက်ပြီဆိုတဲ့ သတင်းကို ပြောပြချင်ပါတယ်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ကျပ်ငွေ ၉၈ ဘီလီယံကျော် အကုန်အကျခံတည်ဆောက်သွားမယ့် ဒီဈေးရဲ့ အပိုင်း (က) ကိုတော့ ဒီနေ့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဦးဆောင်ပြီး ကုမ္ပဏီရှယ်ယာရှင်များနဲ့ ဈေးသူ ဈေးသားများက ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

ဈေးရုံကြီး ၃ ရုံ ပါဝင်တဲ့ ပထမပိုင်းကို ဖွင့်လှစ်လိုက်တာဖြစ်ပြီး ကျန်တဲ့အပိုင်းတွေကိုပါ ဆက်လက်တည်ဆောက်နေတယ်လို့ ဈေးသစ်ကို အကောင်အထည်ဖော်တည်ဆောက်နေတဲ့ မြန်မာအက်ဂရိုအိတ်ချိန်း(စ) အများပိုင်လီမိတက်က ဆိုပါတယ်။ ကိုအောင်သူရက ပြောပြထားပါတယ်။