NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ယခုနှစ်ဆန်းပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၁ ခု ကို ခွင့်ပြုထား

ယခုနှစ်ဆန်းပိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၃၀ နီးပါး တန်ဖိုးရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၁)ခုကို အတည်ပြု/ခွင့်ပြုပေးခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။ ဒီလုပ်ငန်းတွေကနေ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၅၉၀၀)နီးပါးကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောပါတယ်။