NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မြန်မာအက်ဂရိုအိတ်ချိန်း(စ)အများပိုင်လီမိတက် စတော့ဈေးကွက်သို့ ယခုနှစ်တွင် ၀င်ရောက်သွားမည်

ရန်ကုန်မြို့ အင်းစိန်မြို့နယ်၊ ရွှေပြည်သာလမ်းနဲ့ ပုလဲလမ်းထောင့်ရှိ တညင်းကုန်းသစ်သီးဝလံ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန်အဆင့်မြင့်လက်ကားဈေးသစ်ကြီးကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ မြန်မာအက်ဂရိုအိတ်ချိန်း(စ) အများပိုင်လီမိတက်-MAEX ဟာ ရန်ကုန်စတော့ဈေးကွက်မှာ စာရင်းတင်ရောင်းချဖို့ မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်ကြီးကြပ်ရေးကော်မရှင်- SECM က သတ်မှတ်ထားတဲ့ အရည်အချင်းစံ သက်မှတ်ချက် ၁၇ ချက်ကို ပြည့်မှီသွား ပြီဖြစ်ပြီး ကုမ္ပဏီအနေနဲ့ အစစ်ခံဖို့ပဲ ကျန်တော့တာကြောင့် ယခုနှစ်ထဲမှာ ရန်ကုန်စတော့အိတ်ချိန်း-YSX မှာ စာရင်းတင် နိုင်ပြီး အများပြည်သူကို အစုရှယ်ယာတွေ ရောင်းချပေးနိုင်မှာဖြစ်တယ်လို့ မြန်မာအက်ဂရိုအိတ်ချိန်း(စ) အများပိုင် လီမိတက်-MAEX ရဲ့ ဒါရိုက်တာဖြစ်သူ ဦးသူရိန်အောင်က မဇ္ဈိမကို ပြောပါတယ်။

၂၀၁၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက် - FMI နဲ့ စတင်ခဲ့တဲ့ ရန်ကုန်စတော့ အိတ်ချိန်းရဲ့ လက်ရှိအခင်းအကျင်းမှာတော့ အများပိုင်ကုမ္ပဏီ ၄ ခုက အစုရှယ်ယာတွေ ရောင်းချပေးနေပြီး ဒီနှစ်ထဲမှာလည်း TMH တယ်လီကွန်းကုမ္ပဏီလီမိတက်ကလည်း ရန်ကုန်စတော့အိတ်ချိန်းမှာ အများပြည်သူကို ရှယ်ယာခေါ်ယူပြီး ရောင်းချသွားမယ်လို့ ကြေငြာထားပါတယ်။

ဒါ့အပြင် ယခုနှစ်ထဲမှာ MAEX ကုမ္ပဏီလီမိတက်လည်း ရန်ကုန်စတော့အိတ် ချိန်းဈေးကွက်ထဲမှာ ပါဝင်လာမှာဖြစ်တာကြောင့် ယခုနှစ်ထဲမှာ အများပိုင်ကုမ္ပဏီ ၆ ခုအထိ အများပြည်သူကို အစုရှယ်ယာ ရောင်းချသွားနိုင်မှာဖြစ်ပါတယ်။