NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ပြည်တွင်းချန်ပီယံဆုဖလား ၂ ခုလုံးရရှိအောင် ကြိုးပမ်းသွားမယ်လို့ဆိုလိုက်တဲ့ ရန်ကုန်နည်းပြ

2018 MNL Charity Cup ပြိုင်ပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ရာသီအဖွင့် ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

ရန်ကုန်အသင်းနဲ့ရှမ်းအသင်းတို့ဟာ ပွဲချိန် မိနစ် ၉၀ အတွင်း တစ်ဖက် ၂ ဂိုးစီသရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းခဲ့ကြရပါတယ်။ ရန်ကုန်အသင်းဘက်က ၄ ဂိုးဝင်အောင်ကန်နိုင်ခဲ့ပြီး ရှမ်းအသင်းဘက်က ၂ ဂိုးသာ ၀င်အောင်ကန်သွင်းနိုင်ခဲ့တာကြောင့် ရန်ကုန်အသင်းက အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ရန်ကုန်နည်းပြ ဦးမျိုးမင်းထွန်းက အခုလိုပြောဆိုခဲ့ပါတယ်။
“…………”
ဒီပွဲစဉ်မှာ ကွင်းဝင်ကြေး သိန်း ၇၀ ရခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က ငွေကျပ်သိန်း ၄၀၊ မြန်မာအမျိုးသမီးလိဂ်ဥက္ကဋ္ဌနှင့် ဇွဲကပင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးလှဌေးမှ ငွေကျပ် ၁၀ သိန်း၊ ရတနာပုံအက်ဖ်စီအသင်း၊ ရှမ်းယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်အသင်းတို့က ငွေကျပ် ၁၀ သိန်းစီ လှူဒါန်းခဲ့ကြပါတယ်။ 

အလှူငွေစုစုပေါင်း သိန်း ၁၅၀ ရရှိခဲ့ပြီး ပရဟိတလူမှုအဖွဲ့အစည်း ၅ ခုကို ငွေကျပ်သိန်း ၃၀ စီ ပေးအပ်လှူဒါန်းခဲ့ပါတယ်။