NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ထိုင်းနိုင်ငံကြက်သားစက်ရုံမှာ အလုပ်ရမယ်ဆိုပြီး လိမ်လည်မှု ဖြစ်ပွား

ထိုင်းနိုင်ငံကြက်သားစက်ရုံမှာ အလုပ်ရမယ်ဆိုပြီး ကျေးရွာသား ၃၂ ဦးဆီက တစ်ဦးလျှင် ကျပ်ငွေ ၆ သိန်းနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်း ၁၈၀ ကျော် ငွေ လိမ်လည်ရယူပြီး၊ မြဝတီကတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို တရားမဝင်ပို့ဆောင်ဖို့ကြိုးစားခဲ့သူကို အရေးယူပေးဖို့ မကွေးတိုင်း မင်းလှမြို့နယ်၊ စမ်းအိုင်ကျေးရွာသားတွေက မကွေးတိုင်းဝန်ကြီး ချုပ်ထံ တင်ပြထားတယ်လို့ သိရပါတယ်။

မင်းလှမြို့နယ်၊ စမ်းအိုင်ကျေးရွာနေ ဒေသခံတစ်ဦးက ရန်ကုန်မြို့က အမျိုးသမီး တစ်ဦးနဲ့ ချိတ်ဆက်ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလက ကျေးရွာသားတွေကို ထိုင်းနိုင်ငံသွားရောက်လုပ်ကိုင်ဖို့ အလုပ်သမား စုဆောင်းခဲ့ပြီး၊ တစ်ဦးကို ကျပ်ငွေ ၆ သိန်းဆီ ပေးခဲ့ရတယ်လို့ ဒေသခံကျေးရွာသားတွေက မဇ္ဈိမကို ပြောပါတယ်။

သတင်း - တင်ရွှေ (မင်းဘူး)
ရိုက်ကူး / တည်းဖြတ် - ဒေါင်းလူ