NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

စတော့ရှယ်ယာများကို အွန်လိုင်းမှ တစ်ဆင့် လုပ်ကိုင်နိုင်ပြီ

မြန်မာနိုင်ငံ၏ ငွေကြေးအရင်းအနှီးဈေးကွက်ဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံသူ(Investor) ပိုမို များပြားလာ စေရန်၊ ကျေးလက်ဒေသမြို့နယ်များရှိ ပြည်သူများ စိတ်ပါဝင်စားလာစေရန် စသည့်ရန်ရွယ်ချက်များဖြင့် ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် အွန်လိုင်းမှ တစ်ဆင့်အရောင်းအ၀ယ်လုပ်ကိုင်မည့်စနစ် (Online Trading) ကို ယခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံငွေချေးသက်သေခံလုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

တစ်ကြိမ်တွင် အများဆုံး ကျပ်သိန်း ၁၀၀ အထိ အွန်လိုင်းမှ ရှယ်ယာအရောင်းအ၀ယ်ပြုလုပ်နိုင်မည်ဖြစ်ကာ အရောင်းအ၀ယ်ကို  ငွေချေးသက်သေခံလက်မှတ်ရောင်းချပေးသည့် ကုမ္ပဏီ (၄) ခုဖြစ်သည့် Myanmar Securities Exchange Center ၊ KBZ Stirling Coleman Securities ၊ CB Securities နှင့် AYA Trust Securities စသည်တို့၏ မိုဘိုင်းအပ်ပလီကေးရှင်းမှတစ်ဆင့် လုပ်ကိုင်နိုင်မည်ဖြစ်သည်။