NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အသေးစားအလတ်စားလုပ်ငန်းတစ်ခုကို အများဆုံး သိန်း ၅၀၀၀ ကျပ်အထိ ချေးငွေပေးသွားရန်ရှိ

အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုရေးဘဏ် (SMIDB) က လာမယ့်နှစ်ဆန်းပိုင်းမှာ ပြည်တွင်းက SME လုပ်ငန်းတွေကို အများဆုံးကျပ်သိန်း ငါးထောင် အထိရနိုင်မယ့်  ချေးငွေတွေ ထုတ်ချေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ဆီကနေရယူပြီး တစ်ဆင့်ပြန်ပေးတဲ့ အဲဒီချေးငွေအတွက် အပေါင်ပစ္စည်းပေးစရာမလိုတဲ့ ချေးငွေအာမခံစနစ်(CGI)နဲ့ ထုတ်ချေးပေးမယ်လို့  SMIDB ရဲ့အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က ပြောဆိုပါတယ်။

ယခုချေးငွေအတွက် SMIDB က အတိုးနှုန်း ၈ ဒဿမ ၅ ရာခိုင်နှုန်းယူမှာဖြစ်ပြီး မြန်မာ့အာမခံလုပ်ငန်းက CGI စနစ်အတွက် ၃ ရာခိုင်နှုန်းယူမှာဖြစ်တဲ့အတွက် စုစုပေါင်း ၁၁ ဒသမ ၅ ရာခိုင်နှုန်း ပေးရမှာဖြစ်ပါတယ်။

ဒါအပြင် ချေးငွေကာလက ငါးနှစ်အထိရှိမှာဖြစ်ပြီး အသေးစားအလတ်စားလုပ်ငန်းရှင်တွေ အနေနဲ့ နှစ်အလိုက် ရာခိုင်နှုန်းတွေခွဲဆပ်ရမှာဖြစ်ပါတယ်။