YSX ရှယ်ယာများကို အွန်လိုင်းမှတဆင့် အရောင်းအ၀ယ် လုပ်ကိုင်နိုင်ဖို့ နီးစပ်နေ

FMI-MTSH-MCB-FPB စသည့် အများပိုင်ကုမ္ပဏီ ၄ ခုက YSX-ရန်ကုန်စတော့အိတ်ချိန်းတွင် လွန်ခဲ့သည့် ၁နှစ်ခွဲကျော်မှစတင်၍ ရှယ်ယာများကို Securities ကုမ္ပဏီများမှတစ်ဆင့် အရောင်းအ၀ယ်ပြုလုပ်လျက်ရှိရာ ယင်း Securities ကုမ္ပဏီင်္များသည် အွန်လိုင်းမှ ရောင်းချနိုင်ဖို့ ပြင်ဆင်လျက်ရှိနေသည်။

လက်ရှိအချိန်တွင် Securities ကုမ္ပဏီများအနက် ကုမ္ပင်္ဏီ ၃ ခုမှာ ပြင်ဆင်မှုများပြီးစီးသွားပြီဖြစ်ပြီး နောက်ထပ် ၃ ခုမှာ ပြင်ဆင်မှုများ စတင်နေကာ လက်ပတော့၊ မိုဘိုင်းဖုန်းများတဆင့် အွန်လိုင်းစနစ် ဈေးကွက်ကို ယခုနှစ် ဒီဇင်ဘာလအတွင်းမှာပင်  စတင်နိုင်မည် ဖြစ်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငွေကြေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင်-SECM ထံမှ သိရသည်။ 

 အစုရှယ်ယာများကို အွန်လိုင်းမှ တစ်ဆင့် အရောင်းအ၀ယ် ပြုလုပ်နိုင်ပါက ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအ၀ယ်ပမာဏ မြင့်တက်လာနိုင်ကြောင်း မျှော်လင့်မှုများကလည်း ရှိနေသည်။