NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ရလဒ်ပိုင်းအတွက် နည်းပြနဲ့ကစားသမား နှစ်ဦးနှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်

ရလဒ်ပိုင်းအတွက် နည်းပြနဲ့ကစားသမား နှစ်ဦးနှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ ပြောဆိုလိုက်တဲ့ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် ရန်အောင်ကျော်

မြန်မာ့လက်ရွေးစင်အသင်းခေါင်ဆောင်ရန်အောင်ကျော်က မြန်မာအသင်းရဲ့ရလဒ်ပိုင်းအတွက် နည်းပြနဲ့ကစားသမား နှစ်ဦးနှစ်ဘက်စလုံးမှာ တာဝန်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းနဲ့ ယူ-၂၃ အသင်းတို့ကို တာဝန်ယူကိုင်တွယ်နေတဲ့ နည်းပြဂတ်ဇီဆီနဲ့ပတ်သက်ပြီး ရန်အောင်ကျော်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရန်အောင်ကျော်ဟာ ၂၀၁၁ ခုနှစ်ကစတင်ပြီး မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ မြန်မာအသင်းအတွက် ပွဲပေါင်း ၅၆ ပွဲကစားပေးထားပြီး လက်ရှိမြန်မာအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ အာရှခြေစစ်ပွဲအောင်မြင်ဖို့ အစွမ်းကုန်ကြိုးစားမယ်လို့လည်း ရန်အောင်ကျော်က ပြောဆိုခဲ့ပါတယ်။ 

မြန်မာအသင်းဟာ အာရှခြေစစ်ပွဲအောင်မြင်ဖို့ လက်ကျန်ပွဲစဉ် ၂ ပွဲဖြစ်တဲ့ ကာဂျစ္စတန်၊ မကာအိုတို့နဲ့ပွဲစဉ်တွေမှာ ရလဒ်ကောင်းဖို့ လုပ်အပ်နေပါတယ်။