One Championship

CB Bank က ကဒ်စနစ်သစ် မိတ်ဆက်

ငွေပေးချေမှုစနစ်ကို အလွယ်ကူဆုံးဖြေရှင်းနိုင်မည့် Contactless စနစ်ဖြင့် ငွေပေးချေသည့်စနစ်ကို CB Bank က စတင်မိတ်ဆက်လိုက်ပါတယ်။ ငွေလက်ခံမယ့်စက်ကို ထိတွေ့လိုက်တာနဲ့ ကိုယ်တိုင် အလွယ်တကူ ငွေပေးချေလို့ရတဲ့ Contactless စနစ်နဲ့ Touch CB ကို မိတ်ဆက်ခဲ့တာပါ။

Contactless စနစ်နဲ့ ငွေပေးချေမှုကို Visa pay Wave နှင့် Master Card Contactless ကဒ်တွေက အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ဒီစနစ်ရဲ့ထူးခြားချက်ကတော့ Credit ကဒ်တွေလို အရောင်းဝန်ထမ်းတွေ စစ်ဆေးနေစရာမလိုဘဲ ဈေးဝယ်သူက စက်ကိုထိလိုက်တာနဲ့ ငွေပေးချေပြီးသားဖြစ်နေမှာပါ။ ဒီငွေပေးချေမှုစနစ်ဟာ လုံခြုံမှုရှိပြီး လွယ်ကူစွာအသုံးပြုနိုင်တဲ့အပြင် အတုလည်း လုပ်လို့ မရဘူးလို့ CB Bank ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။