ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှု​ကောင်း​ရန်​ ​ဈေးနူန်း​လျော့ချရန်​လိုဟု ဟွာဝေးကုမ္ပဏီ အကြံပြု

မျိုးပြည့်​သင်း

အစိုးရအ​နေဖြင့်​ ပြည်​သူ​တွေအတွက်​ ပိုမို​ကောင်းမွန်​​သော ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှုရ​စေရန်​ ​ဈေးနူန်း​လျော့ချပံ့ပိုး​ပေးရန်​လို​ကြောင်း Huawei နည်းပညာကုမ္ပဏီ Carrier Network Business Group၏ ဒုဥက္ကဋ္ဌ Mr.Zhou Jianjun က​ပြောသည်​။

ကြီးထွားလာသည့်​​ဈေးကွက်​ထိပ်​သီးအစည်းအ​ဝေးကို အသစ်​ဖွံ့ဖြိုးလာတဲ့​အော်​ပ​ရေတာ​များအား အ​ထောက်​အကူပြုရန်​ဆိုသည့်​ခေါင်းစဉ်​ဖြင့်​ Huawei ကုမ္ပဏီက ဘန်​​ကောက်​မြို့၌ သြဂုတ်လ၂၉ ရက်​​နေ့က အခမ်းအနားကျင်းပခဲ့​ပြီး ၎င်းပွဲ၌​ ပြောကြားခဲ့ခြင်းဖြစ်​သည်​။

မြန်​မာနိုင်​ငံတွင်​ မိုဘိုင်းဖုန်းသုံးစွဲသူ ၅ သန်း​ကျော်​ရှိ​နေပြီး ​ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှု​ ပိုမို​ကောင်းရန်​လိုအပ်​​နေသည်​ကို​တွေ့​ရကြောင်း Mr.Zhou Jianjun က ဆိုသည်​။

"​ဈေးကွက်​ကို​လေ့လာချက်​အရ ပြည်​သူ​တွေက​ကောင်းမွန်​တဲ့ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှုလိုအပ်​​နေပါတယ်​။ အစိုးရကို အကြံပြုချင်​တာက​တော့ ​ပေါ်လစီကို​ ပြောင်းလဲ​စေချင်​ပါတယ်​။ ပို​မို​ကောင်းမွန်​တဲ့ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှုရရှိဖို့အတွက်​ အစိုးရ​အ​နေနဲ့​ ဈေးနူန်း​လျော့ချဖို့၊ ပံ့ပိုး​ပေးဖို့ လိုပါတယ်​"ဟု Huaweiနည်းပညာကုမ္ပဏီ၏ ဒုဥက္ကဋ္ဌဖြစ်သူ Mr.Zhou Jianjun က ​ပြောသည်​။

ဆက်​သွယ်​​ရေးလုပ်​ငန်းဖွံ့ဖြိုး​စေရန်​အတွက် မြန်မာနိုင်ငံအစိုးရနှင့်​ Huawei ကုမ္ပဏီပူး​ပေါင်းပြီး လုပ်​ငန်းအ​တွေ့အကြုံ ဖလှယ်​ကာ ​ဆောင်​ရွက်​နိုင်​​ကြောင်း Mr.Zhou Jianjunက ဆက်​​ပြောသည်​။

၁၉၉၈ခုနှစ်​၌ Huawei ကုမ္ပဏီ၏ ထုတ်​ကုန်​အင်​ဂျင်​နီယာအဖြစ်​ Mr.Zhou Janjun သည်​ စတင်​လုပ်​ကိုင်​ခဲ့ပြီး ၎င်းသည် ဒုဥက္ကဋ္ဌအဖြစ်​ ၂၀၁၇ခုနှစ်​​မေလတွင်​ စတင်​​တာဝန်​ယူခဲ့ပြီး ​Huawei Carrier Network Business Group၏ တောင်​ပစိဖိတ်​​ဒေသဥက္ကဋ္ဌလည်း ဖြစ်​သည်​။