BIMSTEC နှင့် ASEAN ပေါင်းစည်းမှုက အာရှတွင် ကြီးမားသော စီးပွားရေးအင်အားစုဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်ဒေသတွင်းကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူုးပေါင်းဆောင်ရွက်မှုအဖွဲ့-BIMSTEC အနေနှင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့-ASEAN နှင့် ချိတ်ဆက်ကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းလုပ်ကိုင်ပါက နောက် ၄ နှစ်တွင် အာရှ၏ အကြီးဆုံး စီးပွားရေးဖြစ်လာမည်ဟု ဂျပန်နိုင်ငံ ရီတာကူ တက္ကိသိုလ်၏ စီးပွားရေးပညာရှင်နှင့် ပါမောက္ခဖြစ်သူ Lau Sim Yee က စက်တင်ဘာလ ၁ ရက်နေ့-ပါရီမီစကားဝိုင်းအုပ်စုက ပြုလုပ်သည့် Myanmar and BIMSTEC အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောဆိုလိုက်သည်။