Ooredoo Enjoy the Internet

Shop.com.mm

"ကျွန်မတို့အတွက် ဥပဒေအစီအစဉ်" (ကာမလိမ်လည်မှု)

ဒီတစ်ပတ်အတွက် ရွေးချယ်တင်ဆက်ထားတာကတော့ " ကာမလိမ်လည်မှု " ပါ။ ဒီအမှုကတော့ မန္တလေးတိုင်းဒေသကြီးမှာဖြစ်ပွားခဲ့တဲ့ အမှုတစ်ခုဖြစ်ပါတယ်။ တရားလိုအမျိုးသမီးက ဖုန်းမှားဝင်လာတဲ့ အမျိုးသားတစ်ယောက်ရဲ့ အပြောတွေကတဆင့် ချစ်ကြိုက်မိရာကနေ တင်တောင်းလက်ထပ်ယူပါ့မယ်လို့ ကတိပေးပြီး လွန်လွန်ကျုးကျုးဖြစ်ခဲ့တဲ့အမှုပါ။ ပြီးပြတ်ပြီးသား အမှုတစ်ခုကို ပြန်လည်သရုပ်ဖော်တင်ဆက်ထားပါတယ်။