One Championship

ကျူးကျော်ဆိုတာ ဘယ်လိုလူလဲ

ရန်ကုန်တိုင်းဒေသကြီး အစိုးရက မြို့နယ်၁၃ ခုမှာ စက်တင်ဘာလ ၃ရက်နေ့ကစပြီး ကျူးကျော်စာရင်းကောက်ယူနေပါတယ်။ အဲ့ဒီ့ထဲမှာ ဗဟန်းမြို့နယ်ထဲက ငါးထပ်ကြီးတောင်ရပ်ကွက်၊ ငါးထပ်ကြီးအနောက်ရပ်ကွက်နဲ့ ဗိုလ်ချိုနှစ် ရပ်ကွက်ဆိုတဲ့ ရပ်ကွက် ၃ ခုလည်းအပါအ၀င်ပါ။

ဇွန်လ ၁၂ရက်နေ့ အုပ်ချုပ်မှူးရုံးမှာ ကျူးကျော်ဖြစ်ကြောင်း စမတ်ကတ်ထုတ်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ခဲ့ပေမယ့် အဲ့ဒီ့ ရပ်ကွက်တွေမှာနေတဲ့သူအချို့က သူတို့အနေနဲ့ ကျူးကျော်လို့ သတ်မှတ်ခံရတာကို လက်မခံနိုင်ကြပါဘူး။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ကျူးကျော်ကိစ္စကို ပြတ်ပြတ်သားသား ကိုင်တွယ်သွားမယ်လို့ ဇွန်လ ၉ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြောခဲ့ဖူးပါတယ်။

အစိုးရဘက်က ဘာတွေပြောထားလဲ? ကျူးကျော်ဆိုတဲ့သူတွေက ဘာတွေပြန်ပြောလဲ? ဆိုတာ ဗွီဒီယိုမှာ ကြည့်ရှု့နိုင်ပါတယ်။