One Championship

ႀကိဳတင္ရက္ခ်ိန္းယူႏိုင္သည့္ စနစ္ပါဝင္ေသာ ဝက္ဆိုက္တစ္ခု ရန္ကုန္၊ အမ်ဳိးသားေသြးဌာနက ထူေထာင္ေန

ေသြးလွဴ႐ွင္မ်ား ေသြးလွဴဒါန္းရာမွာတြင္ အခ်ိန္ၾကန္႔ၾကာသည္႔ အခက္အခဲမ်ားမ႐ွိေအာင္ ႀကိဳတင္ရက္ခ်ိန္းယူႏိုင္ သည္႔ စနစ္ပါ၀င္ေသာ တရား၀င္၀က္ဆိုက္တစ္ခုကို ထူေထာင္ေနသည္ဟု ရန္ကုန္၊ အမ်ဳိးသားေသြးဌာန၊ ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚသီတာေအာင္က ေျပာၾကားသည္။

ယခုႏွစ္အတြင္း ေသြးလွဴဒါန္းမႈ မ်ားျပားလာသည္႔အတြက္ ေသြးလွဴ႐ွင္မ်ား အခ်ိန္ၾကန္႔ၾကာမႈ အခက္အခဲမ်ား ႀကဳံ ေတြ႕ခဲ႔ရသည့္အတြက္ ယခုလို စီစဥ္ေနျခင္းျဖစ္သည္ဟု သိရသည္။

"ဒီ၀က္ဆိုက္ကို ၀င္ၾကည္႔ၿပီး လိုအပ္တာေတြလည္း ၀င္ေရာက္အႀကံျပဳလို႔ရမယ္။ မသိေသးတာေတြလည္း ၀င္ေမးလို႔ရတယ္။ ႀကိဳတင္ရက္ခ်ိန္းယူတဲ႔စနစ္က အဲဒီမွာ ခလုတ္ေလးေတြ ႐ွိတယ္။ ႏွိပ္ၿပီးေတာ႔ တစ္ဆင့္ခ်င္းစီ ေဆာင္႐ြက္႐ုံပဲ။ ဒီကို လူကိုယ္တိုင္လာစရာမလိုပဲ ေသြးလွဴမယ္႔ရက္ကို ႀကိဳၿပီးယူထားလို႔ရတယ္။ ဥပမာ စေနေန႔ ကြ်န္ေတာ္လာခ်င္တယ္။ ခလုတ္ကို ႏွိပ္ၾကည္႔လို႔ ပြင့္တယ္ဆို လာလို႔ရတယ္။ မပြင့္ရင္ေတာ႔ မလာနဲ႔ေတာ႔ ေပါ႕။ ဒီမွာ လူျပည္႔သြားၿပီျဖစ္မွာ။" ဟု ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္၊ ေဒၚသီတာေအာင္က ေျပာသည္။

အဆိုပါ၀က္ဆိုက္အေၾကာင္းအေသးစိတ္ကို ဇြန္လ ၁၈ ရက္၌ သူနာျပဳတကၠသိုလ္တြင္ က်င္းပမည့္ ၂၀၁၇ ခုႏွစ္ ကမၻာ႔ေသြးလွဴ႐ွင္မ်ားေန႔ အထိမ္းအမွတ္အခမ္းအနား၌ ႐ွင္းလင္းတင္ျပသြားမည္ဟု အမ်ဳိးသားေသြးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္၊ ေဒၚသီတာေအာင္က ဆက္လက္ေျပာျပသည္။

ဇြန္လ ၁၄ ရက္ေန႔တြင္ ကမၻာ႔ေသြးလွဴ႐ွင္မ်ားေန႔ အထိမ္းအမွတ္အျဖစ္ အဖြဲ႔အစည္း အသီးသီးက လာေရာက္ေသြးလွဴဒါန္းမႈမ်ား႐ွိသလို ေသြးလွဴ႐ွင္မ်ားအတြက္ အစားအေသာက္ႏွင့္ေဆး၀ါးမ်ား ဒါနျပဳၾကသည္လည္း ျမင္ေတြ႕ရသည္။

"ကိုယ္ရဲ႕ေသြးနဲ႔ သူမ်ားက အသက္ဆက္တယ္ဆိုတာ အင္မတန္မြန္ျမတ္တဲ႔အလုပ္၊ လူ႕အသက္ကို ကယ္တာပဲေလ။ ဒါေၾကာင့္ ေသြးလွဴဖို႔ အၿမဲတိုက္တြန္းတယ္။" ဟု ေသြးလွဴ႐ွင္မ်ားအား အစားအေသာက္ႏွင့္ေဆး၀ါးမ်ား လာေရာက္လွဴဒါန္းသည္႔ ပုဂၢလိကကုမၸဏီ၀န္ထမ္း မအိအိမြန္က ေျပာသည္။

လက္႐ွိအေနအထားတြင္ အမ်ဳိးသားေသြးဌာနသို႔ ေသြးလွဴဒါန္းမႈမ်ားသည္ တစ္ေန႔လ်ွင္အလွဴ႐ွင္ဦးေရ ၅၀ ႏွင္႔ ၁၀၀ ၀န္းက်င္ပုံမွန္႐ွိၿပီး စေန၊ တနဂၤေႏြရက္မ်ဳိးတြင္ အလွဴ႐ွင္ဦးေရ ၇၀၀ ၀န္းက်င္အထိ ႐ွိတတ္သည္ဟု သိရ သည္။ ထို႔ျပင္ လွဴဒါန္းမႈပုံစံမွာလည္း တစ္ဦးခ်င္းထက္ အဖြဲ႕လိုက္လွဴဒါန္းမႈမ်ားက ပိုမ်ားလာသည္။ ၂၀၁၄ ခုႏွစ္ က တစ္ဦးခ်င္းလွဴဒါန္းမႈသည္ ၆၀ ရာခိုင္ႏႈန္း႐ွိခဲ႔ၿပီး ၂၀၁၅ ခုႏွစ္တြင္ တစ္ဦးခ်င္းႏွင့္အဖြဲ႔လိုက္လွဴဒါန္းမႈသည္ ၅၀ ရာခိုင္ႏႈန္းတူညီခဲ႔သည္။ ယခုုေနာက္ပိုင္းတြင္ အဖြဲ႔လိုက္ လွဴဒါန္းမႈက ၇၀ ရာခိုင္ႏႈန္းအထိ မ်ားျပားလာသည္ ဟု သိရသည္။

Unicode-
သွေးလှူရှင်များ သွေးလှူဒါန်းရာမှာတွင် အချိန်ကြန့်ကြာသည့် အခက်အခဲများမရှိအောင် ကြိုတင်ရက်ချိန်းယူနိုင် သည့် စနစ်ပါ၀င်သော တရားဝင်ဝက်ဆိုက်တစ်ခုကို ထူထောင်နေသည်ဟု ရန်ကုန်၊ အမျိုးသားသွေးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာအောင်က ပြောကြားသည်။

ယခုနှစ်အတွင်း သွေးလှူဒါန်းမှု များပြားလာသည့်အတွက် သွေးလှူရှင်များ အချိန်ကြန့်ကြာမှု အခက်အခဲများ ကြုံ တွေ့ခဲ့ရသည့်အတွက် ယခုလို စီစဉ်နေခြင်းဖြစ်သည်ဟု သိရသည်။

"ဒီဝက်ဆိုက်ကို ၀င်ကြည့်ပြီး လိုအပ်တာတွေလည်း ၀င်ရောက်အကြံပြုလို့ရမယ်။ မသိသေးတာတွေလည်း ၀င် မေးလို့ရတယ်။ ကြိုတင်ရက်ချိန်းယူတဲ့စနစ်က အဲဒီမှာ ခလုတ်လေးတွေ ရှိတယ်။ နှိပ်ပြီးတော့ တစ်ဆင့်ချင်းစီ ဆောင်ရွက်ရုံပဲ။ ဒီကို လူကိုယ်တိုင်လာစရာမလိုပဲ သွေးလှူမယ့်ရက်ကို ကြိုပြီးယူထားလို့ရတယ်။ ဥပမာ စနေ နေ့ ကျွန်တော်လာချင်တယ်။ ခလုတ်ကို နှိပ်ကြည့်လို့ ပွင့်တယ်ဆို လာလို့ရတယ်။ မပွင့်ရင်တော့ မလာနဲ့တော့ ပေါ့။ ဒီမှာ လူပြည့်သွားပြီဖြစ်မှာ။" ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်သီတာအောင်က ပြောသည်။

အဆိုပါ၀က်ဆိုက်အကြောင်းအသေးစိတ်ကို ဇွန်လ ၁၈ ရက်၌ သူနာပြုတက္ကသိုလ်တွင် ကျင်းပမည့် ၂၀၁၇ ခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အခမ်းအနား၌ ရှင်းလင်းတင်ပြသွားမည်ဟု အမျိုးသားသွေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်သီတာအောင်က ဆက်လက်ပြောပြသည်။

ဇွန်လ ၁၄ ရက်နေ့တွင် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် အဖွဲ့အစည်း အသီးသီးက လာရောက်သွေးလှူဒါန်းမှုများရှိသလို သွေးလှူရှင်များအတွက် အစားအသောက်နှင့်ဆေးဝါးများ ဒါနပြုကြသည်လည်း မြင်တွေ့ရသည်။

"ကိုယ်ရဲ့သွေးနဲ့ သူများက အသက်ဆက်တယ်ဆိုတာ အင်မတန်မွန်မြတ်တဲ့အလုပ်၊ လူ့အသက်ကို ကယ်တာပဲ လေ။ ဒါကြောင့် သွေးလှူဖို့ အမြဲတိုက်တွန်းတယ်။" ဟု သွေးလှူရှင်များအား အစားအသောက်နှင့်ဆေးဝါးများ လာရောက်လှူဒါန်းသည့် ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်း မအိအိမွန်က ပြောသည်။

လက်ရှိအနေအထားတွင် အမျိုးသားသွေးဌာနသို့ သွေးလှူဒါန်းမှုများသည် တစ်နေ့လျှင်အလှူရှင်ဦးရေ ၅၀ နှင့် ၁၀၀ ၀န်းကျင်ပုံမှန်ရှိပြီး စနေ၊ တနင်္ဂနွေရက်မျိုးတွင် အလှူရှင်ဦးရေ ရ၀၀ ၀န်းကျင်အထိ ရှိတတ်သည်ဟု သိရ သည်။ ထို့ပြင် လှူဒါန်းမှုပုံစံမှာလည်း တစ်ဦးချင်းထက် အဖွဲ့လိုက်လှူဒါန်းမှုများက ပိုများလာသည်။ ၂၀၁၄ ခုနှစ် က တစ်ဦးချင်းလှူဒါန်းမှုသည် ၆၀ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တစ်ဦးချင်းနှင့်အဖွဲ့လိုက်လှူဒါန်းမှုသည် ၅၀ ရာခိုင်နှုန်းတူညီခဲ့သည်။ ယခုုနောက်ပိုင်းတွင် အဖွဲ့လိုက် လှူဒါန်းမှုက ရ၀ ရာခိုင်နှုန်းအထိ များပြားလာသည် ဟု သိရသည်။