Mizzima TV

ပယောဂကုသည်ဆိုသူက ကလေးငယ်များကို မသတ်ခဲ့ကြောင်း ထွက်ဆို

ပယောဂကုသည်ဟုဆိုကာ ကလေးငယ်များသေဆုံးခဲ့သည့်အမှုအား မေလ ၁၉ ရက် ရန်ကုန်ဒေသကြီး၊ သန်လျင်မြို့နယ်၊ တောင်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အမှုကျူးလွန်သူဟု သံသယရှိသည့် ပယောဂဆရာအား စစ်ဆေးခဲ့သည်။

ပယောဂဆရာဆိုသူ ထွန်းနိုင်မှ မကောင်းဆိုးဝါးများ နှင်ထုတ်သည်ဟုဆိုကာ ကလေးငယ်များအား ကန်ကျောက်ခြင်း၊ လက်သီးနှင့် ထိုးခြင်း၊ ဖနှောင့်ပေါက်ခြင်းများပြုလုပ်ခဲ့သဖြင့် အသက် ၃ နှစ်အရွယ် မောင်နေလင်း(ခ)တစ်တို၊ အသက် ၂ နှစ်အရွယ် မလှနှင်းရွှေနှင့် အသက် ၈ လအရွယ် မယမင်းတို့မှာ သေဆုံးခဲ့ပြီး အသက် ၄ နှစ်အရွယ် မသင်းသင်းစိုးမှာ ဖူးရောင်ညိုမဲဒဏ်ရာများရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ထွန်းနိုင်ကို တွံတေးမြို့မရဲစခန်းမှ (ပ)၆၄၂/၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၅ ၊ ၂၀၁ ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပြီး တရားစွဲဆို စစ်ဆေးနေခြင်းဖြစ်သည်။