YBS ယာဥ္မ်ားကို မသန္စြမ္းမ်ား စီးနင္းရာတြင္ အဆင္ေျပေစရန္ စီစဥ္ေဆာင္ရြက္သြားမည္ဟု အစိုးရဆို

ရန္ကုန္တိုင္းေဒသႀကီး လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ေဒၚနီလာေက်ာ္က လႊတ္ေတာ္၌ ေျပာဆိုလိုက္သည္။

"၂၀၁၇-၁၈ ဘ႑ာႏွစ္မွာ စည္ပင္သာယာေရးေကာ္မတီဘတ္ဂ်က္နဲ႔ လမ္းမ်ား၊ ပလက္ေဖာင္းမ်ားကို အဆင့္ျမႇင့္တင္ ေဆာင္ရြက္သြားမွာျဖစ္တဲ့အတြက္ ထိုသို႔ေဆာင္ရြက္ရာမွာ လႊတ္ေတာ္ကိုယ္စားလွယ္ႀကီး ေျပာၾကားတဲ့ မ်က္မျမင္မ်ားအတြက္ ေလွ်ာက္လမ္းေတြ မသန္စြမ္းေတြ အားလံုးအဆင္ေျပေစမယ့္ အစီအစဥ္ေတြကို ထည့္သြင္းေဆာင္ရြက္ သြားမွာျဖစ္ပါတယ္" ဟု ေဒၚနီလာေက်ာ္ကဆိုသည္။

ေမလ ၁၇ ရက္တြင္ က်င္းပသည့္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ စတုတၳပံုမွန္အစည္းအေ၀း (၁၅) ရက္ေျမာက္ေန႔တြင္ သဃၤန္းကၽြန္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္းလတ္ က "YBSယာဥ္မ်ားတြင္ မသန္စြမ္းမ်ား အဆင္ေျပလြယ္ကူစြာ စီးနင္းႏိုင္မည့္ အစီအမံမ်ား ထည့္သြင္း စဥ္းစားရန္ အစီအစဥ္ရိွ မရိွ" ေမးျမန္းခဲ့ျခင္းျဖစ္သည္။

လက္ရိွအခ်ိန္တြင္ ႏိုင္ငံတကာအဆင့္မီ ဘတ္စ္ကားမွတ္တိုင္မ်ားအျဖစ္ အဆင့္ျမႇင့္တင္ရန္ ပထမအဆင့္အေနျဖင့္ မွတ္တိုင္(၁၅၀)၊ ဒုတိယအဆင့္အေနျဖင့္ မွတ္တိုင္(၂၅၀)ကို ေဆာက္လုပ္သြားရန္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီမွ တင္ဒါေခၚယူထားၿပီး အဆုိပါ မွတ္တုိင္မ်ား ေဆာက္လုပ္ရာတြင္ မသန္စြမ္းမ်ားအတြက္ အစီအစဥ္မ်ား ထည့္သြင္းေဆာက္လုပ္သြားမည္ဟု ေဒၚနီလာေက်ာ္က ဆိုသည္။

ယခုလက္ရိွအေျခအေနတြင္ တိုင္းေဒသႀကီးအစိုးရက စီစဥ္ေဆာင္ရြက္ေနသည့္ YBS စနစ္ ယာဥ္လုိင္းမ်ားကို စီးနင္းရာ၌ ျပည္သူေတြအေနျဖင့္ အဆင္မေျပမႈမ်ား ႀကံဳေတြ႔ေနရၿပီး မသန္စြမ္းေတြ စီးနင္းရာတြင္လည္း လြယ္ကူအဆင္ေျပေစႏိုင္သည့္ အေနအထားမ်ဳိး ရိွမေနျခင္းကို ေတြ႔ျမင္ေနရသည္။

Unicode-
YBS ယာဉ်များကို မသန်စွမ်းများ စီးနင်းလိုက်ပါရာတွင် အဆင်ပြေလွယ်ကူစေရန် အစီအစဉ်များကိုယခုဘဏ္ဍာနှစ်အတွင်း ပြုလုပ်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်၌ ပြောဆိုလိုက်သည်။

"၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ စည်ပင်သာယာရေးကော်မတီဘတ်ဂျက်နဲ့ လမ်းများ၊ ပလက်ဖောင်းများကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ထိုသို့ဆောင်ရွက်ရာမှာ လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောကြားတဲ့ မျက်မမြင်များအတွက် လျှောက်လမ်းတွေ မသန်စွမ်းတွေ အားလုံးအဆင်ပြေစေမယ့် အစီအစဉ်တွေကို ထည့်သွင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်" ဟု ဒေါ်နီလာကျော်ကဆိုသည်။

မေလ ၁၇ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် က "YBSယာဉ်များတွင် မသန်စွမ်းများ အဆင်ပြေလွယ်ကူစွာ စီးနင်းနိုင်မည့် အစီအမံများ ထည့်သွင်း စဉ်းစားရန် အစီအစဉ်ရှိ မရှိ" မေးမြန်းခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် နိုင်ငံတကာအဆင့်မီ ဘတ်စ်ကားမှတ်တိုင်များအဖြစ် အဆင့်မြှင့်တင်ရန် ပထမအဆင့်အနေဖြင့် မှတ်တိုင်(၁၅၀)၊ ဒုတိယအဆင့်အနေဖြင့် မှတ်တိုင်(၂၅၀)ကို ဆောက်လုပ်သွားရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တင်ဒါခေါ်ယူထားပြီး အဆိုပါ မှတ်တိုင်များ ဆောက်လုပ်ရာတွင် မသန်စွမ်းများအတွက် အစီအစဉ်များ ထည့်သွင်းဆောက်လုပ်သွားမည်ဟု ဒေါ်နီလာကျော်က ဆိုသည်။

ယခုလက်ရှိအခြေအနေတွင် တိုင်းဒေသကြီးအစိုးရက စီစဉ်ဆောင်ရွက်နေသည့် YBS စနစ် ယာဉ်လိုင်းများကို စီးနင်းရာ၌ ပြည်သူတွေအနေဖြင့် အဆင်မပြေမှုများ ကြုံတွေ့နေရပြီး မသန်စွမ်းတွေ စီးနင်းရာတွင်လည်း လွယ်ကူအဆင်ပြေစေနိုင်သည့် အနေအထားမျိုး ရှိမနေခြင်းကို တွေ့မြင်နေရသည်။