သဘာဝေဘးအတြက္ အေရးေပၚ တံု႔ျပန္ေဆာင္ရြက္မႈ စြမ္းေဆာင္ရည္ျမႇင့္တင္ႏုိင္ရန္ ေဆြးေႏြး

ျမန္မာႏိုင္ငံမွာ လူမႈေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနၾကသည့္ အရပ္ဖက္အဖြဲ႕အစည္းမ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားအတြက္ အေရးေပၚတံု႔ျပန္ေဆာင္ရြက္မႈ စြမ္းေဆာင္ရည္ျမႇင့္တင္ျခင္းဆိုင္ရာ ပဏာမ အလုပ္႐ံုေဆြးေႏြးပြဲတစ္ခုကို ျပဳလုပ္ခဲ့သည္။

ေဆြးေႏြးပြဲကို ေမလ၁၆ရက္က ရန္ကုန္ၿမိဳ႕Central ဟုိတယ္မွာ ျပဳလုပ္ခဲ့ၿပီး ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဦးစီးဌာန ႏွင့္ အာရွေဒသ ေဘးအႏၱာရာယ္ႀကိဳတင္ျပင္ဆင္ေရးဌာန(ADPC)တို႔ ပူးေပါင္းၿပီးက်င္းပခဲ့သည္။

အေရးေပၚတံု႔ျပန္ေဆာင္ရြက္နိုင္ရန္အတြက္ စြမ္းေဆာင္ရည္ျမႇင့္တင္ရန္ စစ္တမ္းကာက္ယူမႈမ်ား ျပဳလုပ္သြားမည္ဟု ADPC ၏ စီမံကိန္းမန္ေနဂ်ာ မသန္းသန္းက ေျပာသည္။

"ေဘးအႏၱရာယ္အျဖစ္မ်ားတဲ့ ခ႐ိုင္ ၁၆ခုကို ေရြးၿပီးေတာ့ အဖြဲ႕အစည္းေတြက အဲ့မွာသြားၿပီးေကာက္ယူမွာျဖစ္ပါတယ္။ ေကာက္ယူရတဲ့အခ်က္အလက္ေတြကို သံုးသပ္ခ်က္ေတြလုပ္ၿပီး အစီရင္ခံစာတစ္ခုထြက္ပါမယ္။ ေတြ႔ရွိခ်က္ေတြကို အစည္းအေဝးမွာတက္လာတဲ့ ဌာနဆိုင္ရာေတြ ျပည္တြင္းအဖြဲ႕အစည္းေတြကို မွ်ေဝေပးမွာျဖစ္ပါတယ္"ဟု သူက ဆက္ေျပာသည္။

ေဆြးေႏြပြဲကိုတက္ေရာက္လာသည့္ ထြန္းသစ္စ ကေလးသူငယ္ေစာင့္ေရးအဖြဲ႔မွ ေဒၚခင္ႏွင္းရည္က အဖြဲ႕အစည္းအသီးသီး ပူေပါင္းေဆာင္ရြက္မွသာ ထိေရာက္မႈရွိမည္ျဖစ္ေၾကာင္း ၎၏ အျမင္ကိုေျပာသည္။

"ႀကိဳတင္ျပင္ဆင္ရမယ့္ေနရာေတြ အမ်ားႀကီးရွိတယ္ေပ့ါေနာ္။ အဲ့မွာကိုယ့္အဖြဲ႕အစည္းအင္းအားေလးက တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ခ်ိတ္ဆက္ၿပီးေတာ့ အင္အားစု အမ်ားႀကီးျဖစ္လာမယ္။ သဘာဝေဘးအႏၱရာယ္ျဖစ္ေနတဲ့ေနရာေတြမွာ ထိေရာက္ျမန္ဆန္စြာကူညီႏိုင္မယ္လို႔ ယူဆပါတယ္"ဟု ေဒၚခင္ႏွင္းရည္က ေျပာသည္။

သဘာဝေဘးေၾကာင့္ျဖစ္ပြားသည့္ ေဘးအႏၱရာယ္မ်ားတြင္ နည္းပညာပိုင္းဆုိင္ရာ အားနည္းခ်က္မ်ားေၾကာင့္ ေဘးအႏၱရာယ္ႀကံဳေတြ႕ေနရသည့္ ေဒသမ်ားတြင္ အကူအညီ ရသင့္သေလာက္ မရသည့္ အေျခအေနမ်ဳိးလည္း ရွိေနေၾကာင္း KTCare Foundation မွ ေဒါက္တာပိုင္စိုးေက်ာ္ကေျပာသည္။

"ကြၽန္ေတာ္တို႔အဖြဲ႕ေတြရဲ႕ Technical Knowledge ေပ့ါ ျမႇင္တင္ဖို႔လိုအပ္မယ္။ ျမႇင့္တင္ျခင္းအားျဖင့္လည္း ေဒသအတြင္းမွာရွိတဲ့ အေရးေပၚအေျခေနကူညီကယ္ဆယ္ေရးေတြမွာ ပိုမိုထိေရာက္စြာလုပ္ကိုင္ႏိုင္မယ္လို႔ ရည္ရြယ္ပါတယ္"ဟုေျပာသည္။

အေရးေပၚတံု႔ျပန္ေဆာင္ရြက္မႈ စြမ္းေဆာင္ရည္ျမႇင့္တင္ျခင္းဆိုင္ရာ စစ္တမ္းေကာက္ယူမႈမ်ားကို ျမန္မာႏိုင္ငံ၏ ျပည္နယ္ႏွင့္တိုင္း ၉ခုရွိ ေဘးအႏၱရာယ္အျဖစ္မ်ားသည့္ ခ႐ိုင္၁၆ခုတြင္ ၁လၾကာေကာက္ယူသြားမည္ဟု သိရသည္။

Unicode-

မြန်မာနိုင်ငံမှာ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည့် အရပ်ဖက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ ပဏာမ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲကို မေလ၁၆ရက်က ရန်ကုန်မြို့Central ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန နှင့် အာရှဒေသ ဘေးအန္တာရာယ်ကြိုတင်ပြင်ဆင်ရေးဌာန(ADPC)တို့ ပူးပေါင်းပြီးကျင်းပခဲ့သည်။

အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် စွမ်းဆောင်ရည်မြှင့်တင်ရန် စစ်တမ်းကာက်ယူမှုများ ပြုလုပ်သွားမည်ဟု ADPC ၏ စီမံကိန်းမန်နေဂျာ မသန်းသန်းက ပြောသည်။

"ဘေးအန္တရာယ်အဖြစ်များတဲ့ ခရိုင်၁၆ခုကို ရွေးပြီးတော့ အဖွဲ့အစည်းတွေက အဲ့မှာသွားပြီးကောက်ယူမှာဖြစ်ပါတယ်။ ကောက်ယူရတဲ့အချက်အလက်တွေကို သုံးသပ်ချက်တွေလုပ်ပြီး အစီရင်ခံစာတစ်ခုထွက်ပါမယ်။ တွေ့ရှိချက်တွေကို အစည်းအဝေးမှာတက်လာတဲ့ ဌာနဆိုင်ရာတွေ ပြည်တွင်းအဖွဲ့အစည်းတွေကို မျှဝေပေးမှာဖြစ်ပါတယ်"ဟု သူကဆက်ပြောသည်။

ဆွေးနွေပွဲကိုတက်ရောက်လာသည့် ထွန်းသစ်စ ကလေးသူငယ်စောင့်ရေးအဖွဲ့မှ ဒေါ်ခင်နှင်းရည်က အဖွဲ့အစည်းအသီးသီး ပူပေါင်းဆောင်ရွက်မှသာ ထိရောက်မှုရှိမည်ဖြစ်ကြောင်း ၎င်း၏ အမြင်ကိုပြောသည်။

"ကြိုတင်ပြင်ဆင်ရမယ့်နေရာတွေ အများကြီးရှိတယ်ပေ့ါနော်။ အဲ့မှာကိုယ့်အဖွဲ့အစည်းအင်းအားလေးက တစ်ဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်ပြီးတော့ အင်အားစု အများကြီးဖြစ်လာမယ်။ သဘာဝဘေးအန္တရာယ်ဖြစ်နေတဲ့နေရာတွေမှာ ထိရောက်မြန်ဆန်စွာကူညီနိုင်မယ်လို့ ယူဆပါတယ်"ဟု ဒေါ်ခင်နှင်းရည်က ပြောသည်။

သဘာဝဘေးကြောင့်ဖြစ်ပွားသည့် ဘေးအန္တရာယ်များတွင် နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် ဘေးအန္တရာယ်ကြုံတွေ့နေရသည့် ဒေသများတွင် အကူအညီ ရသင့်သလောက် မရသည့် အခြေအနေမျိုးလည်း ရှိနေကြောင်း KTCare Foundation မှ ဒေါက်တာပိုင်စိုးကျော်ကပြောသည်။

"ကျွန်တော်တို့အဖွဲ့တွေရဲ့ Technical Knowledge ပေ့ါ မြှင်တင်ဖို့လိုအပ်မယ်။ မြှင့်တင်ခြင်းအားဖြင့်လည်း ဒေသအတွင်းမှာရှိတဲ့ အရေးပေါ်အခြေနေကူညီကယ်ဆယ်ရေးတွေမှာ ပိုမိုထိရောက်စွာလုပ်ကိုင်နိုင်မယ်လို့ ရည်ရွယ်ပါတယ်"ဟုပြောသည်။

အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ စစ်တမ်းကောက်ယူမှုများကို မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၉ခုရှိ ဘေးအန္တရာယ်အဖြစ်များသည့် ခရိုင်၁၆ခုတွင် ၁လကြာကောက်ယူသွားမည်ဟု သိရသည်။