ေကတီဗီဆုိင္မ်ား ဖြင့္ခြင့္မရမခ်င္း ဆႏၵေဖာ္ထုတ္မည္ဟုဆို

မဂၤလာေစ်းအေပၚထပ္က ေကတီဗီဆုိင္မ်ားကို တရားဝင္ပုံမွန္အတိုင္း ဖြင့္ခြင့္မရမခ်င္း ဆႏၵေဖာ္ထုတ္သြားမည္ဟု ေမလ ၁၆ ရက္ ေန႔လည္ ၂ နာရီက ရန္ကုန္ၿမိဳ႕၊ မဂၤလာေစ်းတြင္ ေကတီဗီဆိုင္ရွင္မ်ားႏွင့္ ဝန္ထမ္းမ်ားပူေပါင္းၿပီး ဒုတိယအႀကိမ္ဆႏၵေဖာ္ထုတ္ရာတြင္ ဦးေဆာင္ပါဝင္သူ ကိုတင္ကိုသန္းက ေျပာသည္။

လုပ္ငန္းလုပ္ကိုင္ခြင့္စာခ်ဳပ္ ခ်ဳပ္ဆုိထားေသာ္လည္း မဂၤလာေစ်းအေပၚထပ္က ေကတီဗီဆုိင္မ်ားကို ေမလ ၁၅ ရက္ေနာက္ဆံုးထားၿပီး စည္ပင္သာယာေရးေကာ္မတီေစ်းမ်ား႒ာနက ယာယီ ၁ လ ပိတ္သိမ္းခိုင္းထားျခင္းျဖစ္သည္။

ဆုိင္ခန္းပိတ္သိမ္းခုိင္းမႈကို လုပ္ငန္းရွင္မ်ားက ညိႇႏိႈင္းရန္ တင္ျပေတာင္းဆုိခဲ့ေသာ္လည္း သက္ဆုိင္ရာက တစ္စံုတစ္ရာ အေၾကာင္းျပန္ၾကားျခင္းမရွိေၾကာင္း Lucky KTV မန္ေနဂ်ာျဖစ္သူ ကိုတင္ကိုသန္းက ဆိုသည္။

"ဘာမွ ေျဖရွင္းေပးတာမ႐ွိဘူး။ စာေတြပဲ အတန္တန္ပို႔ေနတယ္။ အႀကိမ္အႀကိမ္အခါခါ စာေတြပို႔တယ္။ ကြ်န္ေတာ္တို႔လည္း သူတို႔ဆီကို ေတြ႔ဆုံညိႇႏိႈင္းဖို႔ အႀကိမ္အႀကိမ္အခါခါ စာေတြပို႔တယ္။ ဒါေပမယ့္ သူတို႔ က ဒီေန႔ထက္ထိ ဘာမွအေၾကာင္းမျပန္ဘူး။"ဟု ကိုတင္ကိုသန္းက ေျပာသည္။

ယခုကဲ့သို႔ ဆုိင္မ်ားကို ယာယီ ပိတ္သိမ္းခိုင္းထားသည့္အတြက္ ဆိုင္ရွင္မ်ားအပါအ၀င္ အလုပ္သမားမ်ား အလုပ္လက္မဲ့ျဖစ္ေနရသည္ဟု ဆႏၵေဖာ္ထုတ္ရာတြင္ ပါဝင္သူ ကိုေစာစံက ဆိုသည္္။

"ဒီလုပ္ငန္းေတြက တရားမဝင္ဘူးေျပာရေအာင္လည္း တစ္ႏိုင္ငံလုံးနီးပါး ဒီလုပ္ငန္းေတြရွိေနတာပဲ၊ ကြ်န္ေတာ္တို႔ဆိုရင္ ၈ ႏွစ္ ၁၀ ႏွစ္၀န္းက်င္ရွိေနၿပီ။ တရားဝင္လုပ္ကိုင္ခြင့္စာခ်ဳပ္႐ွိတယ္။ စာခ်ဳပ္သက္တမ္းလည္း ရွိေသးတယ္။ သူတို႔ ခ်ေပးထားတဲ့လိုင္စင္အသီးသီးမွာ ေပးေဆာင္ၿပီး ဖြင့္ထားတာ။ တရားဝင္လုပ္ငန္းျဖစ္တဲ့အတြက္ ဒီလိုပိတ္သိမ္းမယ္ဆိုရင္ လုပ္ငန္း႐ွင္ေတြနဲ႔ ပြင့္လင္းျမင္သာစြာ ေဆြးေႏြးဖို႔ ညိႇႏိႈင္းဖို႔ ျဖစ္ေစခ်င္တာ။ အခု အဲဒီလိုမျဖစ္ေတာ့ အခု ၁ လ ရွိသြားၿပီ။ ဝန္ထမ္းေတြ အခက္အခဲ၊ ဒုကၡျဖစ္ရတာေပါ့။"ဟု ကိုေစာစံက ေျပာသည္္။

မဂၤလာေစ်းအေပၚထပ္က ေကတီဗီဆုိင္မ်ားကို တရား၀င္ပုံမွန္အတိုင္း ဖြင့္ခြင့္ရေရးအတြက္ ေကတီဗီဆိုင္ရွင္မ်ားႏွင္႔ ဝန္ထမ္းမ်ားပူေပါင္းၿပီး ေမလ ၁၄ ရက္ကလည္း ပထမအႀကိမ္ဆႏၵေဖာ္ထုတ္ခဲ့ၾကၿပီး ယေန႔ ဒုတိယအႀကိမ္ဆႏၵေဖာ္ထုတ္ရာတြင္ လူအင္အား ၁၅ ဦးဝန္းက်င္ ပါဝင္ခဲ့သည္။

Unicode-
မင်္ဂလာစျေးအပေါ်ထပ်က ကေတီဗီဆိုင်များကို တရားဝင်ပုံမှန်အတိုင်း ဖွင့်ခွင့်မရမချင်း ဆန္ဒဖော်ထုတ်သွားမည်ဟု မေလ ၁၆ ရက် နေ့လည် ၂ နာရီက ရန်ကုန်မြို့၊ မင်္ဂလာစျေးတွင် ကေတီဗီဆိုင်ရှင်များနှင့် ဝန်ထမ်းများပူပေါင်းပြီး ဒုတိယအကြိမ်ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်သူကိုတင်ကိုသန်းက ပြောသည်။

လုပ်ငန်းလုပ်ကိုင်ခွင့်စာချုပ် ချုပ်ဆိုထားသော်လည်း မင်္ဂလာစျေးအပေါ်ထပ်က ကေတီဗီဆိုင်များကို မေလ ၁၅ ရက်နောက်ဆုံးထားပြီး စည်ပင်သာယာရေးကော်မတီစျေးများဋ္ဌာနက ယာယီ ၁ လ ပိတ်သိမ်းခိုင်းထားခြင်းဖြစ်သည်။

ဆိုင်ခန်းပိတ်သိမ်းခိုင်းမှုကို လုပ်ငန်းရှင်များက ညှိနှိုင်းရန် တင်ပြတောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာက တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိကြောင်း Lucky KTV မန်နေဂျာဖြစ်သူ ကိုတင်ကိုသန်းက ဆိုသည်။

"ဘာမှဖြေရှင်းပေးတာမရှိဘူး။ စာတွေပဲ အတန်တန်ပို့နေတယ်။ အကြိမ်အကြိမ်အခါခါ စာတွေပို့တယ်။ ကျွန်တော်တို့လည်း သူတို့ဆီကို တွေ့ဆုံညှိနှိုင်းဖို့ အကြိမ်အကြိမ်အခါခါ စာတွေပို့တယ်။ ဒါပေမယ့် သူတို့ က ဒီနေ့ထက်ထိ ဘာမှအကြောင်းမပြန်ဘူး။" ဟု ကိုတင်ကိုသန်းက ပြောသည်။

ယခုကဲ့သို့ ဆိုင်များကို ယာယီ ပိတ်သိမ်းခိုင်းထားသည့်အတွက် ဆိုင်ရှင်များအပါအဝင် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်နေရသည်ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ကိုစောစံက ဆိုသည််။

"ဒီလုပ်ငန်းတွေက တရားမဝင်ဘူးပြောရအောင်လည်း တစ်နိုင်ငံလုံးနီးပါး ဒီလုပ်ငန်းတွေရှိနေတာပဲ၊ ကျွန်တော်တို့ဆိုရင် ၈ နှစ် ၁၀ နှစ်ဝန်းကျင်ရှိနေပြီ။ တရားဝင်လုပ်ကိုင်ခွင့်စာချုပ်ရှိတယ်။ စာချုပ်သက်တမ်းလည်း ရှိသေးတယ်။ သူတို့ချပေးထားတဲ့လိုင်စင်အသီးသီးမှာ ပေးဆောင်ပြီး ဖွင့်ထားတာ။ တရားဝင်လုပ်ငန်းဖြစ်တဲ့အတွက် ဒီလိုပိတ်သိမ်းမယ်ဆိုရင် လုပ်ငန်းရှင်တွေနဲ့ ပွင့်လင်းမြင်သာစွာ ဆွေးနွေးဖို့ ညှိနှိုင်းဖို့ ဖြစ်စေချင်တာ။ အခု အဲဒီလိုမဖြစ်တော့ အခု ၁ လ ရှိသွားပြီ။ ဝန်ထမ်းတွေ အခက်အခဲ၊ ဒုက္ခဖြစ်ရတာပေါ့။" ဟု ကိုစောစံက ပြောသည််။

မင်္ဂလာစျေးအပေါ်ထပ်က ကေတီဗီဆိုင်များကို တရားဝင်ပုံမှန်အတိုင်းဖွင့်ခွင့်ရရေးအတွက် ကေတီဗီဆိုင်ရှင်များနှင့် ဝန်ထမ်းများပူပေါင်းပြီး မေလ ၁၄ ရက်ကလည်း ပထမအကြိမ်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ယနေ့ ဒုတိယအကြိမ်ဆန္ဒဖော်ထုတ်ရာတွင် လူအင်အား ၁၅ ဦးဝန်းကျင် ပါဝင်ခဲ့သည်။