နည်းပြ ဂတ်ဇီဆီနဲ့နွေးထွေးတဲ့ ဆက်ဆံရေးတည်ဆောက်မယ့် ကျော်ကိုကို

အာရှဖလားခြေစစ်ပွဲဝင်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်းလူစာရင်းမှာ ရွေးချယ်ခံထားရတဲ့ ရန်ကုန်တိုက်စစ်မှူး ကျော်ကိုကိုက နည်းပြချုပ် ဂတ်ဇီဆီနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတည်ဆောက်မယ်လို့ ပြောပါတယ်။ ကျော်ကိုကိုဟာ နည်းပြချုပ် ဂတ်ဇီဆီချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တဲ့ဆိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆူဇူကီးပြိုင်ပွဲဝင်လူစာရင်းက အထုတ်ခံခဲ့ရဖူးပါတယ်။ ဒီသတင်းအသေးစိတ်ကို သတင်းအယ်ဒီတာ ကိုရဲရင့်ဌေးက သတင်းရယူပေးထားပါတယ်။