ကစားသမားတွေ ပွဲမပန်းဖို့ အလှည့်ကျအသုံးပြုနေတယ်လို့ ဆိုလိုက်တဲ့ ရတနာပုံနည်းပြ

ရတနာပုံအသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ အာရှပြိုင်ပွဲနဲ့ ပြည်တွင်းပြိုင်ပွဲနှစ်ရပ်စလုံး ဝင်ပြိုင်နေရတာကြောင့် ကစားသမားတွေကို ဒဏ်ရာပြဿနာကင်းစင်အောင် အလှည့်ကျသုံးစွဲနေရပါတယ်။ ရတနာပုံအသင်းမှာ ဘယ်ကစားသမားတွေဒဏ်ရာပြဿနာရှိနေသလဲ၊ နည်းပြ ရီနီဒီဆေရီက ဒီအတွက် ဘာတွေပြင်ဆင်ထားသလဲ စတာတွေကို သတင်းအယ်ဒီတာ ကိုရဲရင့်ဌေးကပဲ တင်ဆက်ပေးမှာပါခင်ဗျာ။

အသင်းက ပြိုင်ပွဲနှစ်ရပ်မှာ ဝင်ရောက်ယှဉ်ပြိုင်နေရတာကြောင့် အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် အလှည့်ကျ အသုံးပြုတဲ့ စနစ်ကို သုံးရပါမယ်။ - ရတနာပုံနည်းပြ